Thursday, January 23, 2014

ကမ္ဘာပေါ်မှာရှိတဲ့ အလှဆုံးနေရာများ၂

                            ကမ္ဘာပေါ်မှာရှိတဲ့ အလှဆုံးနေရာများ

                       တရုတ်ပြည်မှ မဟာတံတိုင်းကြီး






မဟာတံတိုင်းကြီးဟာ ကမ္ဘာပေါ်မှာရှိတဲ့ အံ့ဖွယ် ၇ ပါးထဲမှ တစ်ခုအပါအ၀င် ဖြစ်ပါတယ် ။ ဒီတရုတ်ပြည်မှ မဟာ
တံတိုင်းကြီးကို လူသားတွေကနေပြုလုပ်ဖန်တီးထားတာ ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ လောက်ကတည်းက
တည်ဆောက် ခဲ့တယ်လို့ သိရပါတယ်။ ဒီတံတိုင်းကြီးတည်ဆောက်ဖို့ အတွက် နှစ်ပေါင်း ၁၀၀ တိတိကြာမြင့်ခဲ့
တယ်လို့သိရပါတယ်။ ဒီကြီးမားကျယ်ပြန့်တဲ့ လုပ်ဆောင်ဖန်တီးမှုကြီးဟာ လူသွားတွေရဲ့ မြင့်မြတ်ကြီးကြယ်တဲ့
စွမ်းရည်တွေကို ဖော်ဆောင်ပါတယ် ။

တံတိုင်းတည်ဆောက်မှုကို 5th Century B.C မှစတင်ခဲ့တယ်လို့ သိရပါတယ် ။ ဒီတံတိုင်းဟာ အမှန်တစ်ကယ်အား ဖြင့် နံရံပေါင်းများစွာ အတူတကွ ထည့်သွင်းတည်ဆောက်ထားတာ ဖြစ်ပြီး အရှည်အားဖြင့် မိုင် ၄၀၀၀ လောက်ရှိပါတယ် ။တည်ဆောက်ခဲ့ရတဲ့ ရည်ရွယ်ချက်ကတော့ တရုတ်ပြည် အင်ပါယာကြီးကို မြောက်ဖက်မှ Xiongnu လူမျိုးတွေရန်မှ ကာကွယ်ဖို့အတွက်လို့ သိရပါတယ် ။တံတိုင်းကြီးကို အစပိုင်းက ကျောက်တုံးတွေ မြေကြီးတွေ မြက်ပင်တွေ သစ်သားတွေ နဲ့တည်ဆောက်ခဲ့တာဖြစ်ပြီး နောက်ပိုင်းအချောသတ်မှသာ အုတ်ခဲတွေကို ထည့်သွင်းအသုံးပြု တည်ဆောက်ခဲ့တာလို့ သိရပါတယ်။ ဒီတံတိုင်းတည်ဆောက်မှုနဲ့ ပါတ်သတ်ပြီး တရုတ်လူမျိုးပေါင်း 2-3 million လောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Argentina-Brazil Border မှာရှိတဲ့ Iguazu ရေတံခွန်






ကမ္ဘာပေါ်မှာရှိတဲ့ အလှဆုံးရှေ့ပြေး ရေတံခွန်တစ်ခု ဖြစ်ပါတယ်။ Iguazu ရေတံခွန်ကြီးဟာ သဘာဝတရားရဲ့ထူးခြားဆန်းကြယ်မှု တစ်ခုလည်းဖြစ်ပါတယ်။ ဒီရေတံခွန်ဟာ Argentina , Brazil နဲ့ Paraguay နယ်သုံးခုရဲ့ အစပ်မှာတည် ရှိတာဖြစ်ပါတယ် ။ အာဂျင်တီးနားလူမျိုးတွေက ဧည့်သည်တွေကိုရေတံခွန်ရဲ့ ညာဖက်ချမ်းကို လှည့်လည်ကြည့်ရှု ဖို့ ခွင့်ပြုခဲ့ပြီး ဘရာဇီးလူမျိုးတွေကတော့ သူတို့ဘက်ချမ်းကို မပျက်ဆီးသေးတဲ့ သဘာဝအမွေအနှစ်အဖြစ် ဂုဏ်ယူ ရှုမြင်ကြပါတယ် ။
ဒီရေတံခွန်ကို ပထမဆုံးစတွေ့ခဲ့တဲ့ အမျိုးသမီး Eleanor Roosevelt ရဲ့ပြောဆိုချက်အရ သူမဟာ ဒီရေတံခွန်ကို စစတွေ့ခြင်းမှာ " poor Niagara " လို့ တမိပါတယ်တဲ့ ။ ဒီရေတံခွန်ရဲ့ အနီးအနားပါတ်ဝန်းကျင် တ၀ိုက်မှာတော့ တွယ်တက်စရာ ကျောက်တုံးတွေ ရေမှုန်ရေမွှားတွေနဲ့ ပြည့်နှက်လို့နေပါတယ် ။ Iguazu ဟာ ကမ္ဘာပေါ်မှာ ရှိတဲ့အခြားရေတံခွန်တွေနဲ့စာရင်အမြင့်မားဆုံးသော ရေစီးဆင်းကျဆင်းမှု ရှိတယ်လို့သိရပါတယ် ။

ကျွန်တော်တို့ရဲ့ကမ္ဘာပေါ်မှာတည်ရှိတဲ့ အလှပဆုံးနေရာတွေကိုကြည့်ခြင်းအားဖြင့်ကျွန်တော်တို့ဟာရွေးချယ်နိုင် ခွင့်တောင် ပျောက်ဆုံးနေပြီး မိမိတို့နှလုံးသားမှာ အနှစ်သက်ဆုံးဆိုတဲ့ နေရာတွေကိုသာ သွားရောက်ဖို့ ဆုံးဖြတ်ရမှာဖြစ်ပါတယ် ။ အချို့က ကြည်လင်သန့်ရှင်းနေတဲ့ ရေမှုန်ရေမွှားတွေကို ချစ်ခင်နှစ်သက်စဉ်ပြီး ဆန်းကြယ်တဲ့ သဘာဝတရားကို ခံစားနေစဉ်မှာပဲ မှာပဲ တစ်ချို့ကတော့ မြို့သေးသေးရဲ့ ဗိသုကာလက်ရာတွေ အောက်မှာပဲ မိမိတို့ရဲ့ ဘ၀ကို မြှုပ်နှံထားကြပါတယ် ။


တောင်အမေရိကမှာ ရှိတဲ့ Amazon Rainforest- Amazon Bason





Amazon rainforest ဟာ ဘီလီယံ ချီတဲ့ ဧကတစ်ကြောမှာ အထူဆုံးတောအုပ် ဖြစ်ပါတယ် ။ ဒီတောအုပ်ကြီးဟာ Brazil ( 60% ) , Peru ( 13% ),Venezuela , Columbia , Ecuador , Guyana , Bolivia , French Guiana နဲ့ Suriname တို့ရဲ့ အစိတ်အပိုင်းတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ် ။ဒီတောကြီးရဲ့သိပ်သည်းနက်နဲမှုကတော့အလွန်ပဲနက်ရှိုင်းပြီးတောအုပ်တွေဟာ တစ်ခုနဲ့တစ်ခုစပ်ဆက်ပြီး လမ်းစရှာဖွေဖို့တောင် အလွန်ပဲခက်ခဲလှပါတယ် ။ နက်ရှိုင်းဆန်းကြယ်လှတဲ့ အလှအပတရားတွေနဲ့အချိန်မဲ့အသက်ရှူမှားဖွယ်ရာဒီတောအုပ်ကြီးဟာကမ္ဘာပေါ်မှာ နှိုင်းယှဉ်စရာမဲ့လှပြီး ဒီအတွေ့အကြုံကိုတော့ တစ်ခေါက်လောက် မြည်းစမ်းကြည့်သင့်ပါတယ် ။

နော်ဝေနိုင်ငံမှ Sognafjord ( Sogne Fjord )





ကမ္ဘာပေါ်မှာ ဒုတိယအရှည်ဆုံး ကျဉ်းမြောင်းနက်ရှိုင်းတဲ့ ရေလက်ကြားဖြစ်ပြီး နော်ဝေနိုင်ငံရဲ့ အကြီးဆုံးနေရာတစ်ခုဖြစ်ပါတယ်။ ဒီအံ့သြဆန်းကြယ်တဲ့နေရာက ထူးခြားဆန်းကြယ် မှုဆိုတာဘာလဲ ဆိုတာကိုတောင် နားလည်ဖို့ခက်ခဲလှပါတယ်။ ပင်လယ်ရေမျက်နှာပြင်မှ အပေါ်ဖက်သို့ ၂၀၀၀ မီတာမြင့်ပြီး
အောက်ဖက်သို့၁၃၀၀မီတာနက်ရှိုင်းပါတယ်။ကျယ်ပြန့်တဲ့အပြာရောင်ရေပြင်ကြီးရယ် လှပတဲ့ ကျောက်ကမ်းပါး တွေနဲ့ ပန်းချီဆန်ဆန် ရွာလေးတွေက သဘာဝကို ချစ်မြတ်နိုးတဲ့ ဧည့်သည်တွေအတွက်တော့ အကြိုက်တွေ့မယ့်နေရာတစ်ခုဖြစ်ပါတယ်။

            စာရေးသူ........သက်တန့်ချို......( ၁၁း၂၀ ည ၁.၉.၀၉ )

ကမ္ဘာပေါ်မှရှိတဲ့အလှဆုံးနေရာများ

                                                    အီဂျစ်နိုင်ငံမှ ပိရမစ်များ
အီဂျစ်နိုင်ငံမှပိရမစ်တွေဟာစတုရန်းပုံကျောက်တုံးတွေနဲ့ မျက်နှာပြင်လေးဖက်ပါရှိတဲ့ ကျောက်တုံးကြီးတွေကို
ဆုံမှတ်လေး တစ်နေရာသို့ရောက်အောင် စီရီပြီးတင်ထားခြင်း ဖြစ်ပါတယ်။ ပိရမစ်တွေနဲ့ ပတ်သတ်ပြီး ဟိုးယခင်ကတည်းကသူတို့ရဲ့သမိုင်းကြောင်းတွေသူတို့ဟာသဘာဝတရားနဲ့ ဘယ်လိုစပ်ဆက်မှုတွှေရှိသလဲဆိုတာ သိလိုစိတ်တွေ နဲ့ထူးဆန်းတဲ့သမိုင်းကြောင်းတွေ အများကြီးရှိခဲ့ ပါတယ်။



ဒါပေမယ့် အီဂျစ်နိုင်ငံမှ ပညာရှင်တွေက ဘီစီ ၂၇၀၀ ကျော်လောက်မှ ပိရမစ်တွေကို စတင်ပြီးလေ့လာခဲ့ကြပါတယ်။အီဂျစ်ပညာရှင်တွေရဲ့လေ့လာမှုတွေအရပိရမစ်တွေဟာ ဖာရိုဘုရင်တွေရဲ့ ရုပ်အလောင်းကို မြုပ်နှံဖို့အတွက် တည်ဆောက်ခဲ့ကြတာ ဖြစ်တယ်လို့ သိရှိခဲ့ရပါတယ်။ လူသိအများဆုံးနဲ့ ကမ္ဘာပေါ်မှာ အကြီးမာဆုံး ပိရမစ်တွေကတော့Giza မှာရှိတဲ့ ပိရမစ်တွေဖြစ်ပြီး တည်ဆောက်ထားသမျှထဲမှာ အကြီးမားဆုံးဖြစ်တယ် လို့ဆိုကြပါတယ်။ Giza မှာရှိတဲ့အကြီးမားဆုံး ပိရမစ်ကြီးဟာ လူပေါင်း ၃၀၀၀၀ နဲ့တည်ဆောက်ခဲ့ပြီး နှစ်ပေါင်း ၂၃ နှစ်ကြာခဲ့တယ်လို့ သိရပါတယ်။၁၁၈ ခုသောပိရမစ်တွေကို သီးခြားရှာဖွေသတ်မှတ် နိုင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်း လုံးကလူတွေကြားမှာ ရေပန်းစားခဲ့ပြီး ထင်ရှားကျော် စောခဲ့ပါတယ်။


Jordan နိုင်ငံမှ Petra မြို့

Petra ဟာ UNESCO မှဖော်ပြခြင်းခံရတဲ့ အဖိုးတန်ဆုံးသော အမျိုးသားယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်သိုက်ကြီး ဖြစ်ပါတယ်။သူဟာ Mount Hor ရဲ့ ကုန်းစောင်းပေါ်မှာ တည်ရှိတဲ့ အနုပညာတစ်ခုဖြစ်ပါတယ်။ကမ္ဘာပေါ်မှာရှိတဲ့အံ့သြဖွယ်ရာတွေထဲက တစ်ခုအပါအ၀င်ဖြစ်ပြီးကျောက်တုံးတွေကို ပိုင်းဖြတ်ပြီးတည်ဆောက်ထားတဲ့ အနုပညာလက်ရာကြောင့် ထင်ရှားကျော်စောခဲ့ပါတယ်။



ဒီနေရာဟာ 1812 မတိုင်ခင်ထိ တိမ်မြုပ်နေခဲ့ပြီး Swiss လူမျိုးရှာဖွေသူတွေက ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဆိုရိုးစကားတွေအရတော့ဒါဟာ ဘုရားသခင်က Jewish လူမျိုးတွေအတွက် တည်ဆောက်ပေးခဲ့တယ်လို့ သိရပါတယ်။ Petra ဟာ ရောမအင်ပါယာရဲ့လက်အောက်မှာတစ်ချိန်က ထင်ရှားကျောကြားခဲ့ပြီး နောက်ပိုင်း Arabian လူမျိုးတွေ ၀င်ရောက်ထိုးဖောက် လာတဲ့အခါမှာတော့ တဖြည်းဖြည်းမှေးမှိန်ပျောက်ကွယ်သွားခဲ့ပါတယ်။ဒီနောက်ပိုင်းမှာတော့ငလျှင်တစ်ခု အကြီးအကျယ်လှုပ်ပြီး ပျက်စီးဆုံးရှုံးမှုများစွာကို ဖြစ်စေခဲ့ပါတယ်။တိုးရစ်တွေဟာ ဒီလှပတဲ့မြို့ကြီးရဲ့ ပျက်စီးမှုတွေကို ဖျက်ကနဲ မြင်ယောင် ကြည့်ကြဖို့ အတွက် စုစည်းပြီးလာရောက်လေ့ရှိကြ ပါတယ်။



Northern North America မှာရှိတဲ့ Greenland



Greenland ဟာ ကမ္ဘာပေါ်မှာအကြီးမာဆုံး ကျွန်းတစ်ခုဖြစ်ပါတယ်။ ဒီကျွန်းဟာ အကျယ်အားဖြင့် ၁၀၅၀ ကီလိုမီတာကျယ်ပြီး ကျွန်းတစ်ကျွန်းလုံးရဲ့ ၉၅ ရာခိုင်နှုန်းဟာ ရေခဲတွေနဲ့ ဖုံးလွှမ်းနေပါတယ်။ မပျက်စီးသေးတဲ့ ခမ်းနားကြီးကျယ် ဂုဏ်ရှိတဲ့ ဒီကုန်းမြေဟာသင့်ရဲ့ အသက်ရှင်နေထိုင်မှုကို ရိုးရှင်းစွာနဲ့ အဝေးက ခေါ်ဆောင် သွားပါ လိမ့်မယ်။ သင်တစ်ခါမှ မမက်ဘူးတဲ့ အိမ်မက်အဆန်းတွေကို ရရှိစေမှာ ဖြစ်ပါတယ်။



ဒီခမ်းနားတဲ့ရေခဲချပ်ကြီးတွေရှည်လျှားကျဉ်းမြောင်းတဲ့ရေခဲဂူကြီးတွေရေခဲမြစ်တွေနဲ့ အပင်ဆန်းဆန်းတွေက လာလည်သူတွေရဲ့နှလုံးသားကိုဆွဲဆောင် နိုင်မှာ ဖြစ်ပါတယ်။
             စာရေးသူ....သက်တန့်ချို.........(၁၂း၃၀ မနက် ၂၇.၈.၀၉)

Wednesday, January 22, 2014

ကြက်သွန်နီက နှလုံးရောဂါနှင့် အစာအိမ်ကင်ဆာကို ကာကွယ်တားဆီးနိုင်

   ကြက်သွန်နီက နှလုံးရောဂါကို ကာကွယ်နိုင်ကြောင်း သုတေသီများက

ကြေငြာကြွေးကြော်လိုက်ကြသည်။ ကြက်သွန်နီမှာ ခန္ဒာကိုယ်ထဲမှ
နှလုံးရောဂါနှင့် လေဖြတ်ခြင်းများ ဖြစ်ပွားစေသည့် မကောင်းသော
ကိုလက်စထရောလ်များကို ကူညီစွန့်ထုတ်ပေးပြီး တစ်ချိန်တည်းမှာ
နှလုံးရောဂါကို တိုက်ဖျက်ပေးသည့် ကောင်းသော ကိုလက်စထရောလ်များကို
ထိန်းသိမ်းပေးကြောင်း တရုတ်သုတေသီများက ထုတ်ဖော်ကြေငြာလိုက်ခြင်း ဖြစ်သည်။

Sunday, January 19, 2014

အင်ဒိုနီးရှားဆူနာမီမှ ပေါ်ထွက်လာသော ရေသူမ

အင်ဒိုနီးရှားဆူနာမီမှ ပေါ်ထွက်လာသော ရေသူမ လေးပါ...
ကြည့်လိုက် ကြပါအုံး....







အင်ဒိုနီးရှားဆူနာမီမှ ပေါ်ထွက်လာသော ရေသူမ



အင်ဒိုနီးရှားဆူနာမီမှ ပေါ်ထွက်လာသော ရေသူမ
ရေသူမ...

ဇာတ်လမ်းတွေထဲမှာတော့ ချောချောလေးနဲ့ စိတ်ကူးယာဉ်လို့တော့ အကောင်းသားဗျ...
အင်ဒိုနီးရှားနိုင်ငံမှာ ဆူနာမီ အပြီး ပင်လယ်ထဲက ကမ်းပေါ်မှာ ကျန်ခဲ့တဲ့ တစ်ကယ့်ရေသူမအစစ် အချောလေးတွေကို အောက်က ဓါတ်ပုံလေးတွေမှာ ကြည့်လိုက်ကြပါအုံး - See more at: http://aunghtunoo.blogspot.com/2012/08/blog-post_3941.html#sthash.ODUzpQ2m.dpuf
ရေသူမ...

ဇာတ်လမ်းတွေထဲမှာတော့ ချောချောလေးနဲ့ စိတ်ကူးယာဉ်လို့တော့ အကောင်းသားဗျ...
အင်ဒိုနီးရှားနိုင်ငံမှာ ဆူနာမီ အပြီး ပင်လယ်ထဲက ကမ်းပေါ်မှာ ကျန်ခဲ့တဲ့ တစ်ကယ့်ရေသူမအစစ် အချောလေးတွေကို အောက်က ဓါတ်ပုံလေးတွေမှာ ကြည့်လိုက်ကြပါအုံး - See more at: http://aunghtunoo.blogspot.com/2012/08/blog-post_3941.html#sthash.ODUzpQ2m.dpuf

ကမ္ဘာ့အညစ်ပတ်ဆုံး အသက် ၈၀ အရွယ် လူပျိုအဘိုးကြီး

ရေမချိုးတာ နှစ် ခြောက်ဆယ် ကျော်ပြီ ဖြစ်တဲ့ ကမ္ဘာ့အညစ်ပတ်ဆုံး အသက် ၈၀ အရွယ် လူပျိုအဘိုးကြီးက ကြင်ယာဖက်ရှာ
တစ်ကိုယ်ရည်နေထိုင်တဲ့ လေလွင့်အဘိုးကြီး Amou Haji ဟာ အသက် ၂၀ အရွယ်က မိန်းမတစ်ယောက်ကို ပိုးပန်းခဲ့ဖူးပေမယ့် အချစ်ရေးကံမကောင်းခဲ့ပဲ သူ့ ချစ်သူကို ဆုံးရှုံးလိုက်ရပါတယ်။ အဲဒီ့အချိန်ကစ ရေမချိုး၊ မသန့် ရှင်းပဲ နေထိုင်ခဲ့တဲ့ Amou Haji ဟာ အခုဆို အသက် ၈၀ အရွယ်ကို ရောက်ရှိလာပါပြီ။ အချစ်ရေးကံခေ ခဲ့ပြီးနောက် Amou ဟာ အီရန်နိုင်ငံတောင်ပိုင်း ၊ Dejgah ဆိုတဲ့ ရွာနားက တောနက်ထဲမှာ တစ်ကိုယ်ရည် နေခဲ့ပြီး ၊ ညတွေမှာဆို သူဟာ မြေတွင်းထဲမှာ အိပ်စက်ပြီး ဆောင်းရာသီမှာတော့ ရွာသားတွေက သူ့ အတွက် ဆောက်ပေးထားတဲ့ အုတ်တိုက်ငယ်လေးမှာ နေထိုင်ပါတယ်။

သူ အနှစ်သက်ဆုံးအရာကတော့ တိရစ္ဆာန်နောက်ချေးခြောက်တွေကို ဆေးတံထဲထည့်ပြီး သောက်ရတာကိုပါတဲ့။ Amou ဟာ သူ့ ရဲ့ စုတ်စုတ်ပြတ်ပြတ်နေထိုင်တဲ့ ပုံစံကို လက်ခံပြီး သူနဲ့ အတူ နေထိုင်နိုင်မယ့် အမျိုးသမီးကို လက်ထပ်ချင်တယ်လို့ Tehran Times သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

Dejgah ရွာထဲက လူငယ်တွေဟာ Amou က တစ်ခါက ရေချိုးသန့် စင်ပေးဖို့ ဝိုင်းကြိုးစားခဲ့ကြပေမယ့် ၊ Amou က ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ သူရေမချိုးရတဲ့ အကြောင်းရင်းက သူဟာ သန့် သန့် ရှင်းရှင်းနေထိုင်ရင် ဖျားနာတတ်တယ်လို့ ယူဆနေလို့ ပါ။

နှစ်ခြောက်ဆယ်လုံး ရေမချိုးပဲ ညစ်ညစ်ပတ်ပတ်နေခဲ့ပေမယ့် သူဟာ အခုထိ မိန်းမလိုချင်တုန်းဖြစ်ပြီး ရွာထဲက မိန်းမတွေကို လူပျိုလာလှည့်ရင် မီးရှို့ ထားတဲ့ တုတ်နဲ့  သူ့ ရဲ့ ရှည်လျားကြမ်းတမ်းတဲ့ မုတ်ဆိတ်၊ပါးသိုင်းမွှေးတွေကို လောင်မြှိက်လိုက်ပြီး ၊ ကားနောက်ကြည့်မှန် အစုတ်တစ်ခုနဲ့ သူ့ ကိုယ်သူ လှပအောင် ပြင်ဆင်ပြီး ရွာထဲလာတယ်လို့ ဆိုပါတယ်။

ကျွန်းနှစ်ကျွန်းကို ဗဟိုကျွန်း (Main Land) နဲ့ ဆက်စပ်ထားပေးတဲ့ လမ်း တံတား






    နော်ဝေနိုင်ငံရှိ ကျွန်းနှစ်ကျွန်းကို ဗဟိုကျွန်း (Main Land) နဲ့ ဆက်စပ်ထားပေးတဲ့ လမ်း (တံတား)ဖြစ်ပါတယ်။

၅.၂ မိုင်ရှည်လျားတဲ့ ယင်းတံတားကို ကျွန်းငယ်လေးတွေပေါ်အခြေပြုတည် ဆောက်ထားခြင်းဖြစ်ပါတယ်။ တံတားဟာ
သာမန်နဲ့မတူပဲ ကွေ့ဝိုက်၊ နိမ့်မြင့်ရတဲ့ ရည်ရွယ်ချက်ကတော့ ပင်လယ်ရေလှိုင်း ရိုက်ခတ်မှဒဏ်ကို ခံနိုင်ရည်ရှိမဲ့ နည်းလမ်းတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

နော်ဝေရေပိုင်နက် (Atlantic ပင်လယ်) အတွင်းမှာ တည်ဆောက်ထားတဲ့ ယင်းတံတားဟာ ၁၉၂၁ က စတင်တည်တင်ဆောက်ခြင်း ဖြစ်ပြီး တစ်ဖြည်းဖြည်းနဲ့ ပုံစံပြောင်း ရှည်လျားလာခြင်း ဖြစ်ပါတယ်။ ဒီဇိုင်းဆန်းနဲ့ တည်ဆောက်
ထားတဲ့ ယင်းတံတားကို Atlantic Ocean Road လို့ လူသိများပါတယ်။

Wednesday, December 25, 2013

ခြေလေးချောင်းပါသည့် မိန်းကလေး




                             စက်တင်ဘာ   ၁၄  ရက်  ညနေ ၂ နာရီခွဲက ဒိုက်ဦးမြို့နယ်  သပြေတန်းကျေးရွာအုပ်စု  ရောင်နီဦး ကျေးရွာအင်ကြင်းစုပိုင်းနေ အဖ ဦးမောင်လွင်၊ အမိ ဒေါ်ဌေးတို့မှ သတ္တမမြောက်မွေးဖွားသော မိန်းကလေး ကိုယ်အလေးချိန်  ၆ ဒသမ ၅ ပေါင်ရှိ  မွေးကတည်းက ခြေလေးချောင်းပါဝင်သော ကလေးငယ်တစ်ဦးကို အရပ်သားဖွားဖြင့်နေအိမ်တွင် မွေးဖွားခဲ့ပြီး ဒိုက်ဦးဆေးရုံသို့ ညနေ ၅ နာရီ ၁၅ မိနစ်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါကလေးသည်  ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး ခွဲစိတ်မှုပြုနိုင်ရေးအတွက် တိုင်းဒေသကြီး အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့က အလှူငွေကျပ်တစ်သိန်း၊ ခရိုင်အမျိုးသမီးရေးရာနှင့်  မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့က  အလှူငွေကျပ်ငါးသောင်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့်ဌာနဆိုင်ရာများက အလှူငွေကျပ် တစ်သိန်း၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းက အလှူငွေကျပ် ငါးသောင်း၊ စေတနာရှင်ပြည်သူများက   အလှူငွေကျပ် ၇၆ဝဝဝ စုစုပေါင်းငွေကျပ် ၃၇၆ဝဝဝ  တို့ကို ထောက်ပံ့လှူဒါန်းခဲ့ပြီး ဒိုက်ဦးပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းနှစ်ဦးလိုက်ပါလျက် ရန်ကုန်မြို့ ကလေးဆေးရုံကြီးသို့ ည ၇ နာရီ မိနစ် ၂ဝ တွင် သုခကာရီကရုဏာလက်များအသင်း(ဒိုက်ဦး)၏ လူနာတင်ယာဉ်ဖြင့် လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဦးခေါင်းနှစ်လုံးပါနွားကလေး


     စဥ့်ကူးမြို့နယ်တွင် ထူးခြားစွာတွေ့ခဲလှသည့် ဦးခေါင်းနှစ်လုံးပါနွားကလေး တစ်ကောင်ကို ပင်လယ် ကြီးကျေးရွာ တောင်ယာစိုက်ခင်းလုပ်ကိုင်သူ ဦးစံလှနေအိမ်တွင် မိခင်နွားမကြီးက မွေးဖွား ကြောင်း သိရသည်။
“ဒီနွားမကြီးက ဒီတစ်သားနဲ့ဆို သုံးသားရှိသွားပြီ။ သုံးသားမြောက်မှာ  ဒီခေါင်းနှစ်လုံးပါနွားကလေး ထူးထူးဆန်းဆန်းမွေးဖွားပြီး အံ့ဩဖို့ကောင်းပါတယ်။ မွေးစကတော့ အသက်ရှင်လျက်ရှိပါတယ်။ ကျွန်တော့်အထင်တော့ လမစေ့ဘဲ မွေးတာဖြစ်လို့ မွေးပြီးမကြာခင်မှာ သေသွားတာဖြစ်နိုင်တယ်’’ဟု ဦးစံလှက ပြောပြသည်။
အဆိုပါ နွားကလေးသည်နွားထီးကလေးဖြစ်ပြီး ခေါင်းနှစ်လုံးနှင့်  ဘို့နှစ်လုံး ပါရှိပြီး အခြားနွားများကဲ့သို့ အင်္ဂါများစုံလင်စွာပါရှိကြောင်း သိရသည်။ အဆိုပါ ခေါင်းနှစ်လုံးပါ  ထူးဆန်းသည့်နွားကလေးကို စဥ့်ကူးမြို့မှ  ဦးမျိုးကျော်က ပိုင်ရှင်ထံမှ ငွေကျပ်  ၃၀၀၀၀ ဖြင့် ပေးချေဝယ်ယူသွားကြောင်း သိရသည်။

သေဆုံးပြီး ၄၂ နှစ်ကြာမှ တွေ့ရသည့် အမျိုးသမီးကြီး



Photo: သေဆုံးပြီး ၄၂ နှစ်ကြာမှ တွေ့ရသည့် အမျိုးသမီးကြီး
=========

၁၉၄၂ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ဒီခရိုအေးရှား အမျိုးသမီးကြီးကို TV ကြည့်ရင်းနဲ့ သေဆုံးနေခဲ့တာကို ၄၂ နှစ် အကြာမှ တွေ့ခဲ့ရပါတယ်။ သူမ ထိုင်ခုံရဲ့ ဘေးမှာ ဖျော်ထားတဲ့ လဖက်ရည် ခွက်တစ်ခွက်ကိုလည်း တွေ့ရပါသေးတယ်။ သူမ ကြည့်နေတဲ့ တီဗွီကတော့ အဖြူအမဲ တီဗွီ အမျိုးအစား ဖြစ်ပါသတဲ့။

ဘာရောဂါ၊ ဘယ်လို သေသွားတယ် ဆိုတာတော့ မသိပါဘူး။
ဒါပေမယ့် ပုံ ကြည့်ရတာတော့ ခန့်ခန့်ကြီးနဲ့ ဆန့်ဆန့်ကြီး သေသွားပုံပဲ။
        ၁၉၄၂ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ဒီခရိုအေးရှား အမျိုးသမီးကြီးကို TV ကြည့်ရင်းနဲ့ သေဆုံးနေခဲ့တာကို ၄၂ နှစ် အကြာမှ တွေ့ခဲ့ရပါတယ်။ သူမ ထိုင်ခုံရဲ့ ဘေးမှာ ဖျော်ထားတဲ့ လဖက်ရည် ခွက်တစ်ခွက်ကိုလည်း တွေ့ရပါသေးတယ်။ သူမ ကြည့်နေတဲ့ တီဗွီကတော့ အဖြူအမဲ တီဗွီ အမျိုးအစား ဖြစ်ပါသတဲ့။

ဘာရောဂါ၊ ဘယ်လို သေသွားတယ် ဆိုတာတော့ မသိပါဘူး။
ဒါပေမယ့် ပုံ ကြည့်ရတာတော့ ခန့်ခန့်ကြီးနဲ့ ဆန့်ဆန့်ကြီး သေသွားပုံပဲ။

Monday, December 23, 2013

ကလေးငယ်များတွင် အရေးကြီးသည့် ရောဂါလက္ခဏာများ

 ညမင်းသား ဘလော့မှ
(၁) နှုတ်ခမ်းပြာခြင်း (cyanosis)
ပါးစပ်နှင့်နှုတ်ခမ်းများပြာခြင်းသည် ကလေးငယ်၌ အောက်စီဂျင် ကောင်းစွာမရသောကြောင့်ဖြစ် သည်။ အောက်စီဂျင်ရှူစက်ရှိနိုင်မည့် နီးစပ်ရာဆေးရုံ၊ဆေးခန်းသို့အမြန် သွားပါ။

(၂) အသက်ရှူရခက်ခြင်း(၁) နှုတ်ခမ်းပြာခြင်း (cyanosis)
ပါးစပ်နှင့်နှုတ်ခမ်းများပြာခြင်းသည် ကလေးငယ်၌ အောက်စီဂျင် ကောင်းစွာမရသောကြောင့်ဖြစ် သည်။ အောက်စီဂျင်ရှူစက်ရှိနိုင်မည့် နီးစပ်ရာဆေးရုံ၊ဆေးခန်းသို့အမြန် သွားပါ။

(၂) အသက်ရှူရခက်ခြင်း
ကလေးငယ်အသက်ရှူရခက် ခြင်း၊ အသက်ရှူမြန်ခြင်း၊ အသက်ရှူ နိုင်ရန် ရင်ပတ်နှင့်လည်ပင်းကြက် သားများ အားပြုရသောကြောင့် နံရိုး များအကြား ရင်ပတ်ချိုင့်ဝင်ခြင်း၊ လည်ပင်းကြွက်သားများ ထိုးထိုး ထောင်ထောင်ဖြစ်လာခြင်း၊ အသက် ရှူစဉ် တရွှီးရွှီးမြည်ခြင်းတို့ဖြစ်လာပါက ဆေးရုံသို့အမြန်သွားပါ။

(၃) မွေးကင်းစကလေးများ၌ အဖျားကြီးခြင်း
မွေးကင်းစ နှစ်လအောက် ကလေးများ၌ အဖျားတိုင်းသည့်အခါ စအိုတွင်းသို့ သာမိုမီတာထည့် တိုင်းပါ။ အဖျား ၁၀၀.၄ ဒီဂရီဖာရင် ဟိုက် ကျော်ပါက ဆရာဝန်နှင့်ပြပါ။ မွေးကင်းစအဖျားသည် အအေးမိခြင်း မှ ဦးနှောက်အမြှေးရောင်ခြင်းအထိ ဖြစ်နိုင်ပြီး အခြားအရွယ်ကလေးများ ထက် ပိုမိုဂရုစိုက်ကုသရလေ့ရှိသည်။

(၄) အသားဝါခြင်း
မွေးကင်းစ အသားဝါလျှင် အလင်းကုထုံး (phototherapy) ပေး၍ကုသရလေ့ရှိသည်။ အသားဝါ စေသည့် ဘီလီရူဘင်ဓါတ် (bilirubin) အလွန်အမင်းမြင့်တက်လာပါက ကလေးငယ်၏ဦးနှောက်ကိုထိ ခိုက်စေပြီး ဉာဏ်ရည်မမီ သည်အထိ ဖြစ်စေသည်။

(၅) အစိမ်းရောင်၊ အညိုရောင် အန်ခြင်း
ကလေးငယ်များသည် မကြာခဏ အန်တတ်သူများဖြစ်သော်လည်း အစိမ်းရောင်၊ အညိုရောင်များ အန်ပါကဂရုစိုက်သင့်သည်။ အူလမ်း ကြောင်းပိတ်ခြင်းကြောင့် အစိမ်းရောင်အန်တတ်ပြီး ၀မ်းတွင်းသွေး ထွက်ခြင်းကြောင့် ကော်ဖီအနှစ်အညို မည်းရောင် (ကော်ဖီရည် အညို ဖျော့ရောင်မဟုတ်) အန်တတ်သည်။ ကလေးငယ်ဦးခေါင်းကို ထိခိုက်မှု ဖြစ်ပြီးနောက်အန်ပါကလည်း အရေး တကြီး စောင့်ရှောက်သင့်သည်။

သီဟ

နှလုံးသားရှိသူတိုင်းမျှဝေခံစားနိုင်ပါစေ....စနေမောင်မောင်

ဤဘလော့မှ ပို့စ်များသည်မြန်မာဘလော့ဂါများနှင့် သတင်းဆိုဒ်များမှပြန်လည်ဝေမျှပါကြောင်းဝန်ခံအပ်ပါသည်။
စနေမောင်မောင်

LinkWithin

Related Posts Plugin for WordPress, Blogger...

Introduction

ကျွန်တော့်ဘလော့ကို လာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်.. စနေမောင်မောင်(မလေးရှား)
Friends18.com Orkut MySpace Hi5 Scrap Images