Thursday, January 23, 2014

ကမ္ဘာပေါ်မှာရှိတဲ့ အလှဆုံးနေရာများ၂

                            ကမ္ဘာပေါ်မှာရှိတဲ့ အလှဆုံးနေရာများ

                       တရုတ်ပြည်မှ မဟာတံတိုင်းကြီး






မဟာတံတိုင်းကြီးဟာ ကမ္ဘာပေါ်မှာရှိတဲ့ အံ့ဖွယ် ၇ ပါးထဲမှ တစ်ခုအပါအ၀င် ဖြစ်ပါတယ် ။ ဒီတရုတ်ပြည်မှ မဟာ
တံတိုင်းကြီးကို လူသားတွေကနေပြုလုပ်ဖန်တီးထားတာ ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ လောက်ကတည်းက
တည်ဆောက် ခဲ့တယ်လို့ သိရပါတယ်။ ဒီတံတိုင်းကြီးတည်ဆောက်ဖို့ အတွက် နှစ်ပေါင်း ၁၀၀ တိတိကြာမြင့်ခဲ့
တယ်လို့သိရပါတယ်။ ဒီကြီးမားကျယ်ပြန့်တဲ့ လုပ်ဆောင်ဖန်တီးမှုကြီးဟာ လူသွားတွေရဲ့ မြင့်မြတ်ကြီးကြယ်တဲ့
စွမ်းရည်တွေကို ဖော်ဆောင်ပါတယ် ။

တံတိုင်းတည်ဆောက်မှုကို 5th Century B.C မှစတင်ခဲ့တယ်လို့ သိရပါတယ် ။ ဒီတံတိုင်းဟာ အမှန်တစ်ကယ်အား ဖြင့် နံရံပေါင်းများစွာ အတူတကွ ထည့်သွင်းတည်ဆောက်ထားတာ ဖြစ်ပြီး အရှည်အားဖြင့် မိုင် ၄၀၀၀ လောက်ရှိပါတယ် ။တည်ဆောက်ခဲ့ရတဲ့ ရည်ရွယ်ချက်ကတော့ တရုတ်ပြည် အင်ပါယာကြီးကို မြောက်ဖက်မှ Xiongnu လူမျိုးတွေရန်မှ ကာကွယ်ဖို့အတွက်လို့ သိရပါတယ် ။တံတိုင်းကြီးကို အစပိုင်းက ကျောက်တုံးတွေ မြေကြီးတွေ မြက်ပင်တွေ သစ်သားတွေ နဲ့တည်ဆောက်ခဲ့တာဖြစ်ပြီး နောက်ပိုင်းအချောသတ်မှသာ အုတ်ခဲတွေကို ထည့်သွင်းအသုံးပြု တည်ဆောက်ခဲ့တာလို့ သိရပါတယ်။ ဒီတံတိုင်းတည်ဆောက်မှုနဲ့ ပါတ်သတ်ပြီး တရုတ်လူမျိုးပေါင်း 2-3 million လောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Argentina-Brazil Border မှာရှိတဲ့ Iguazu ရေတံခွန်






ကမ္ဘာပေါ်မှာရှိတဲ့ အလှဆုံးရှေ့ပြေး ရေတံခွန်တစ်ခု ဖြစ်ပါတယ်။ Iguazu ရေတံခွန်ကြီးဟာ သဘာဝတရားရဲ့ထူးခြားဆန်းကြယ်မှု တစ်ခုလည်းဖြစ်ပါတယ်။ ဒီရေတံခွန်ဟာ Argentina , Brazil နဲ့ Paraguay နယ်သုံးခုရဲ့ အစပ်မှာတည် ရှိတာဖြစ်ပါတယ် ။ အာဂျင်တီးနားလူမျိုးတွေက ဧည့်သည်တွေကိုရေတံခွန်ရဲ့ ညာဖက်ချမ်းကို လှည့်လည်ကြည့်ရှု ဖို့ ခွင့်ပြုခဲ့ပြီး ဘရာဇီးလူမျိုးတွေကတော့ သူတို့ဘက်ချမ်းကို မပျက်ဆီးသေးတဲ့ သဘာဝအမွေအနှစ်အဖြစ် ဂုဏ်ယူ ရှုမြင်ကြပါတယ် ။
ဒီရေတံခွန်ကို ပထမဆုံးစတွေ့ခဲ့တဲ့ အမျိုးသမီး Eleanor Roosevelt ရဲ့ပြောဆိုချက်အရ သူမဟာ ဒီရေတံခွန်ကို စစတွေ့ခြင်းမှာ " poor Niagara " လို့ တမိပါတယ်တဲ့ ။ ဒီရေတံခွန်ရဲ့ အနီးအနားပါတ်ဝန်းကျင် တ၀ိုက်မှာတော့ တွယ်တက်စရာ ကျောက်တုံးတွေ ရေမှုန်ရေမွှားတွေနဲ့ ပြည့်နှက်လို့နေပါတယ် ။ Iguazu ဟာ ကမ္ဘာပေါ်မှာ ရှိတဲ့အခြားရေတံခွန်တွေနဲ့စာရင်အမြင့်မားဆုံးသော ရေစီးဆင်းကျဆင်းမှု ရှိတယ်လို့သိရပါတယ် ။

ကျွန်တော်တို့ရဲ့ကမ္ဘာပေါ်မှာတည်ရှိတဲ့ အလှပဆုံးနေရာတွေကိုကြည့်ခြင်းအားဖြင့်ကျွန်တော်တို့ဟာရွေးချယ်နိုင် ခွင့်တောင် ပျောက်ဆုံးနေပြီး မိမိတို့နှလုံးသားမှာ အနှစ်သက်ဆုံးဆိုတဲ့ နေရာတွေကိုသာ သွားရောက်ဖို့ ဆုံးဖြတ်ရမှာဖြစ်ပါတယ် ။ အချို့က ကြည်လင်သန့်ရှင်းနေတဲ့ ရေမှုန်ရေမွှားတွေကို ချစ်ခင်နှစ်သက်စဉ်ပြီး ဆန်းကြယ်တဲ့ သဘာဝတရားကို ခံစားနေစဉ်မှာပဲ မှာပဲ တစ်ချို့ကတော့ မြို့သေးသေးရဲ့ ဗိသုကာလက်ရာတွေ အောက်မှာပဲ မိမိတို့ရဲ့ ဘ၀ကို မြှုပ်နှံထားကြပါတယ် ။


တောင်အမေရိကမှာ ရှိတဲ့ Amazon Rainforest- Amazon Bason





Amazon rainforest ဟာ ဘီလီယံ ချီတဲ့ ဧကတစ်ကြောမှာ အထူဆုံးတောအုပ် ဖြစ်ပါတယ် ။ ဒီတောအုပ်ကြီးဟာ Brazil ( 60% ) , Peru ( 13% ),Venezuela , Columbia , Ecuador , Guyana , Bolivia , French Guiana နဲ့ Suriname တို့ရဲ့ အစိတ်အပိုင်းတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ် ။ဒီတောကြီးရဲ့သိပ်သည်းနက်နဲမှုကတော့အလွန်ပဲနက်ရှိုင်းပြီးတောအုပ်တွေဟာ တစ်ခုနဲ့တစ်ခုစပ်ဆက်ပြီး လမ်းစရှာဖွေဖို့တောင် အလွန်ပဲခက်ခဲလှပါတယ် ။ နက်ရှိုင်းဆန်းကြယ်လှတဲ့ အလှအပတရားတွေနဲ့အချိန်မဲ့အသက်ရှူမှားဖွယ်ရာဒီတောအုပ်ကြီးဟာကမ္ဘာပေါ်မှာ နှိုင်းယှဉ်စရာမဲ့လှပြီး ဒီအတွေ့အကြုံကိုတော့ တစ်ခေါက်လောက် မြည်းစမ်းကြည့်သင့်ပါတယ် ။

နော်ဝေနိုင်ငံမှ Sognafjord ( Sogne Fjord )





ကမ္ဘာပေါ်မှာ ဒုတိယအရှည်ဆုံး ကျဉ်းမြောင်းနက်ရှိုင်းတဲ့ ရေလက်ကြားဖြစ်ပြီး နော်ဝေနိုင်ငံရဲ့ အကြီးဆုံးနေရာတစ်ခုဖြစ်ပါတယ်။ ဒီအံ့သြဆန်းကြယ်တဲ့နေရာက ထူးခြားဆန်းကြယ် မှုဆိုတာဘာလဲ ဆိုတာကိုတောင် နားလည်ဖို့ခက်ခဲလှပါတယ်။ ပင်လယ်ရေမျက်နှာပြင်မှ အပေါ်ဖက်သို့ ၂၀၀၀ မီတာမြင့်ပြီး
အောက်ဖက်သို့၁၃၀၀မီတာနက်ရှိုင်းပါတယ်။ကျယ်ပြန့်တဲ့အပြာရောင်ရေပြင်ကြီးရယ် လှပတဲ့ ကျောက်ကမ်းပါး တွေနဲ့ ပန်းချီဆန်ဆန် ရွာလေးတွေက သဘာဝကို ချစ်မြတ်နိုးတဲ့ ဧည့်သည်တွေအတွက်တော့ အကြိုက်တွေ့မယ့်နေရာတစ်ခုဖြစ်ပါတယ်။

            စာရေးသူ........သက်တန့်ချို......( ၁၁း၂၀ ည ၁.၉.၀၉ )

No comments:

Post a Comment

နှလုံးသားရှိသူတိုင်းမျှဝေခံစားနိုင်ပါစေ....စနေမောင်မောင်

ဤဘလော့မှ ပို့စ်များသည်မြန်မာဘလော့ဂါများနှင့် သတင်းဆိုဒ်များမှပြန်လည်ဝေမျှပါကြောင်းဝန်ခံအပ်ပါသည်။
စနေမောင်မောင်

LinkWithin

Related Posts Plugin for WordPress, Blogger...

Introduction

ကျွန်တော့်ဘလော့ကို လာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်.. စနေမောင်မောင်(မလေးရှား)
Friends18.com Orkut MySpace Hi5 Scrap Images