Showing posts with label မြန်မာ-မွတ်စလင်များ ၏ ရာဇဝင်. Show all posts
Showing posts with label မြန်မာ-မွတ်စလင်များ ၏ ရာဇဝင်. Show all posts

Thursday, August 16, 2012

မြန်မာ-မွတ်စလင်များ ၏ ရာဇဝင်

( ၁၈၂၃ ) ခုနှစ် မတိုင်မီ အမိမြန်မာမြေ က ဌာနေ မြန်မာ-မွတ်စလင်များ

ကုန်းဘောင်ခေတ် ဗမာ့ယဉ်ကျေးမှုလက်ရာဖြင့် တည်ဆောက်ထားသော အမရပူရ ရှိ ဗလီ
ကုန်းဘောင်ခေတ် ဗမာ့ယဉ်ကျေးမှုလက်ရာဖြင့် တည်ဆောက်ထားသော အမရပူရ ရှိ ဗလီ
မြန်မာနိုင်ငံ၏ သမိုင်းရာဇ၀င်များကိုလေ့လာကြည့်လျှင်မြန်မာနိုင်ငံအရပ်ရပ် ၌နေ ထိုင်ကြသော အစ္စ လာမ် ဘာသာဝင် မြန်မာမွတ်ဆလင်များ သည် လွန်ခဲ့သော နှစ်ပေါင်း (၁၀၀၀) ကျော်၊ (၁၂၀၀) ခန့် လောက်ကစ၍ အစု လိုက်သော် လည်းကောင်း၊အနည်း ငယ် သော် လည်းကောင်း လွန်ခဲ့သော နှစ်ပေါင်း (၃၀၀) ခန့်အထိ ၀င်ရောက်နေ ထိုင်ခဲ့ကြောင်း သမိုင်း တွင် အထောက်အထားခိုင်လုံစွာ တွေ့ရှိ ရသည်။ မြန်မာ့ရာဇ၀င် ၊သမိုင်း များတွင် အခြားသော တိုင်းရင်းသားလူမျိုးများမြန်မာနိုင်ငံ သို့ ၀င်ရောက် နေ ထိုင် ပုံကို လေ့လာလျှင် မြန်မာမွတ်ဆလင်များသည်လည်း ၎င်းတို့ထက်နောက် မကျသေးကြောင်းကို သမိုင်း သမိုင်း အထောက်အထားများအရသိရှိနိုင် ပါ သည်။ ထို့ကြောင်း မြန်မာမွတ်ဆလင်များသည်လည်း ထိုခေတ် ထိုအခါ (နှစ်ပေါင်း ၁၀၀၀)ကျော် ကပင် ရောက် ရှိနေ ကြောင်း လယ်ပြင် မှာ ဆင်သွားသကဲ့သို့ ရာဇ၀င်၊သမိုင်း တွင် ထင်ရှားနေ ပါသည်။
မြန်မာနိုင်ငံသားဥပဒေတွင် ၁၈၂၃ ခုမတိုင်မီက မြန်မာနိုင်ငံတွင် ပင်ရင်းနိုင်ငံ အဖြစ် နေထိုင် သူ များ သည် တိုင်းရင်းသားများဖြစ်သည်ဟုပြဌာန်ထားသဖြင့် မြန်မာ နိုင်ငံ သား ဥပဒေ နှင့် အ ကျုံ့ဝင် သော ၁၈၂၃ ခု မတိုင်မီက မြန်မာ့သမိုင်းထဲက မွတ်ဆလင် များအ ကြောင်း ကိုရှာဖွေ၍ စာဖတ်ပရိသတ် ဖတ်ရှူ လေ့လာ သိရှိ နိုင် ရန်အ လို့ ငှါ ဤ မှတ်စု ကိုရှာ ဖွေစုစည်းတင်ပြခြင်းဖြစ် ပါ သည်။ မြန်မာ့သမိုင်း`၌မွတ် ဆလင်များ ထဲတွင် (၁) ဗမာ မွတ် ဆလင် (၂) ရခိုင် မွတ် ဆလင် (၃)ကမန် မွတ်ဆလင် (၄)ပသျှူးမွတ်ဆလင် (၅)ပန်းသေး မွတ် ဆလင် ဟူ၍ (၅)မျိုး ခွဲခြား လေ့လာ နိုင် သည်။ များပြားသော ရာဇ၀င်၊ သမိုင်းများကို လေ့လာ ရန် အခက်ခဲ ရှိသူများ အနေဖြင့် ဤမှတ်စု ကို လေ့လာ ခြင်း ဖြင့် အချိန် တိုတို အတွင်း အလွယ်တကူဗဟုသုတတိုးပွါးနိုင်ပါသည်။
သို့ဖြစ်ရာ နိုင်ငံတော်ကချ မှတ်သော မူဝါဒအညီ … ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်း လုံးညီညွတ်မှု မပြိုကွဲရေး ၊ အချုပ်အချာအာဏာတည်တံ့ခိုင်မြဲရေး သည် … တို့အရေး … ဟူသော ဆောင်ပုဒ် ကိုဦးထိပ်ထားလျက် တိုင်းရင်းသားအချင်းချင်း စည်းလုံးရေး၊ အပြန်အလှန်ခင်မင် လေးစား ရေးတွက် သမိုင်း ထဲ က မြန်မာ့မွတ်ဆလင် အကြောင်း ကို ရေး သား ဖေါ်ပြပါသည်။
ခရစ်သက္ကရာဇ် ( ၁၈၂၃ ) ခုနှစ် မတိုင်မီကပင်ရင်းနှိုင်ငံအဖြစ်
မြန်မာနိုင်ငံအရပ်ရပ်သို့ ပြန့်ကျဲနေထိုင်သောမြန်မာမွတ်ဆလင်များ
(1)
၁၅၃၉ အေဒီတွင် တပင်ရွှေထီး ပဲခူးကို တိုက်ခိုက်ခဲ့စဉ် ၁၅၉၉ အေဒီတွင် တောင်ငူဘုရင် ပဲခူးကို တိုက် ခိုက်ခဲ့စဉ်တွင် ဖမ်းဆီးရမိသော မွတ်စလင်မ်များ ၁၅၄၇ အေဒီတွင် တပင်ရွှေထီး မြို့ဟောင်းမြို့ ကို ၀င်တိုက် ခဲ့စဉ် နှင့် ၁၇၀၇ အေဒီတွင် စနေမင်း၏ အရာရှိများ သံတွဲကို တိုက်ခိုက်ခဲ့စဉ် ဖမ်းဆီးရမိခဲ့ သော မွတ်စလင်မ်များ၊ ၁၆၁၃ အေဒီတွင် အနောက် ဘက်လွန်မင်း သန်လျင်ကို တိုက်ခိုက်ခဲ့စဉ် သန် လျင်မြို့ ကျပြီးစအခါ ဒီဗရစ်တို၏ နောက်လိုက် မွတ်စလင်များ (သို့မဟုတ်) စစ်ပွဲပြီးစ အချိန်နှောင်း မှ ရောက် ရှိလာသော သင်္ဘော များမမွတ်စလင် များအား ရွှေဘိုခရိုင်၊ မြေဒူး၊ စစ်ကိုင်းခရိုင်၊ ပင်းယနှင့် ခံလူး၌ လည်းကောင်း၊ ကျောက်ဆည်ခရိုင် လက်ပံ၌ လည်း ကောင်း၊ ရမည်းသင်းခရိုင် ယင်းတော် တို့၌လည်းကောင်း နေရာချထားခဲ့ ကြောင်းတွေ့ ရသည်။
(2)
အေဒီ ၁၄၃၀ ခုနှစ်တွင် ဗိုလ်ချုပ် ၀လီခန် နှင့်ပါလာသော စစ်သည် ငါးသောင်း(Bangladesh District Gazatteers,p-63)၊ ဗိုလ်ချုပ် စန္ဒွီခန်နှင့် ပါလာသော စစ်သည်များ(Journal of Burma Research Society No.2,p-493) သည် ရာစုနှစ် အဆက်ဆက် Arakan ကိုအုပ်ချုပ် လာခဲ့သည်။ဤသည်များမှာ များစွာသော သမိုင်းအထောက် အထားများမှ အချို့သာ ဖြစ်သည်။
(3)
သမိုင်းဆရာ Dr.သန်းထွန်း၏အဆိုအရ (၁၄၄၂-ခု) ကျောက်စာပါ အချက်များကို ကိုးကား၍ အာရ်ကန် မင်းများတွင် မူဆလင်ဘွဲ့ နာမည်များ ရှိခဲ့သည်။ ထိုမူဆလင် ဘုရင်များမှာ နတ်မြစ် အရှေ့ဘက် နှင့် ကုလားတန်မြစ် အနောက်ဘက် မေယုတောင်ကြားက မွတ်ဆလင်များသည်(ယနေ့ရိုဟင်ဂျာ)တွေဖြစ်သည်။သူတို့ ၎င်း ဒေသမှာ နေထိုင်လာခဲ့သည်မှာ နှစ်ပေါင်းထောင် ကျော်ပြီ လို့ပြောသည်။ Ref : ဒေါက်တာ သန်းထွန်း-Kalya Magazine p-27,1994,August
(4)
အေဒီ ၇၀၀ နှင့် ၁၅၀၀ ကြားတွင် အနောက်တိုင်းမှ အာရပ်ကုန်သည်၊ ပါရှင်းကုန် သည် နှင့် ရောမကုန်သည် တို့သည် မိမိတို့ ပင်ရင်းတိုင်း ပြည်များမှ ရွက်သဘောင်္ဖြင့် မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတမ်းကိုလည်းကောင်း၊ ယင်းကိုကျော် လွန်ကာ အရှေ့ဖက် တရုတ်ကမ်းခြေသို့လည်းကောင်း ကူးသန်းရောင်းဝယ်ရေးအတွက် ရောက်ရှိခဲ့ကြသည်။၂ အာရပ် တို့သည် ပင်လယ် ကူးသန်း သွားလာရာ၌ အရေးကြီးသော ပင်လယ်ဆိပ်ကမ်းမြို့များ၊ ကုန်သည်ရောင်း ၀ယ်ရေး စခန်း များ၊ အချက်အချာကျသော နေရာ၏ တည်နေပုံ၊ မျက်နှာပြင်အနေအထား၊ နေထိုင်သည့်လူမျိုးများ၊ ထွက်ကုန်များ အစရှိသည်တို့ကို စနစ် တကျ လေ့လာသုတေသန ပြုလေ့ရှိရာ- (၉) ရာစု အာရပ်ပထ၀ီဝင် ဆရာများ၊ ခရီးသည်များ၊ သုတေသီများ၏ မှတ် တမ်းများတွင် ရခိုင်ပြည်နှင့် မြန်မာပြည်အောက်ပိုင်း မွန်တို့နယ်ဖြစ်သော ရာမည ဒေသများအကြောင်းကို တွေ့ရှိနိုင် ပေသည်။၃ ရာခိုင်ရာဇ၀င်များအရလည်း အာရပ်တို့သည် အေဒီ (၈) ရာစုမှစ၍ ရခိုင်ပြည်သို့ ရောက်ရှိအခြေချနေပြီ ဖြစ်ကြောင်း ပါရှိပါသည်။ ရခိုင်ရာဇ၀င် အထောက်အထားများကို ကိုးကား၍ ၁၈၄၄ – ခုထုတ် ဘင်္ဂလား အေးရှာတိခ် ဆိုဆိုင်အေတီ ဂျာနယ် ( Journel of the Asiatic Society of Bengal) တွင် အောက်ပါအတိုင်း ရေးသားဖော်ပြထားပါသည်။

နှလုံးသားရှိသူတိုင်းမျှဝေခံစားနိုင်ပါစေ....စနေမောင်မောင်

ဤဘလော့မှ ပို့စ်များသည်မြန်မာဘလော့ဂါများနှင့် သတင်းဆိုဒ်များမှပြန်လည်ဝေမျှပါကြောင်းဝန်ခံအပ်ပါသည်။
စနေမောင်မောင်

LinkWithin

Related Posts Plugin for WordPress, Blogger...

Introduction

ကျွန်တော့်ဘလော့ကို လာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်.. စနေမောင်မောင်(မလေးရှား)
Friends18.com Orkut MySpace Hi5 Scrap Images