Thursday, January 23, 2014

ကမ္ဘာပေါ်မှာရှိတဲ့ အလှဆုံးနေရာများ၂

                            ကမ္ဘာပေါ်မှာရှိတဲ့ အလှဆုံးနေရာများ

                       တရုတ်ပြည်မှ မဟာတံတိုင်းကြီး






မဟာတံတိုင်းကြီးဟာ ကမ္ဘာပေါ်မှာရှိတဲ့ အံ့ဖွယ် ၇ ပါးထဲမှ တစ်ခုအပါအ၀င် ဖြစ်ပါတယ် ။ ဒီတရုတ်ပြည်မှ မဟာ
တံတိုင်းကြီးကို လူသားတွေကနေပြုလုပ်ဖန်တီးထားတာ ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ လောက်ကတည်းက
တည်ဆောက် ခဲ့တယ်လို့ သိရပါတယ်။ ဒီတံတိုင်းကြီးတည်ဆောက်ဖို့ အတွက် နှစ်ပေါင်း ၁၀၀ တိတိကြာမြင့်ခဲ့
တယ်လို့သိရပါတယ်။ ဒီကြီးမားကျယ်ပြန့်တဲ့ လုပ်ဆောင်ဖန်တီးမှုကြီးဟာ လူသွားတွေရဲ့ မြင့်မြတ်ကြီးကြယ်တဲ့
စွမ်းရည်တွေကို ဖော်ဆောင်ပါတယ် ။

တံတိုင်းတည်ဆောက်မှုကို 5th Century B.C မှစတင်ခဲ့တယ်လို့ သိရပါတယ် ။ ဒီတံတိုင်းဟာ အမှန်တစ်ကယ်အား ဖြင့် နံရံပေါင်းများစွာ အတူတကွ ထည့်သွင်းတည်ဆောက်ထားတာ ဖြစ်ပြီး အရှည်အားဖြင့် မိုင် ၄၀၀၀ လောက်ရှိပါတယ် ။တည်ဆောက်ခဲ့ရတဲ့ ရည်ရွယ်ချက်ကတော့ တရုတ်ပြည် အင်ပါယာကြီးကို မြောက်ဖက်မှ Xiongnu လူမျိုးတွေရန်မှ ကာကွယ်ဖို့အတွက်လို့ သိရပါတယ် ။တံတိုင်းကြီးကို အစပိုင်းက ကျောက်တုံးတွေ မြေကြီးတွေ မြက်ပင်တွေ သစ်သားတွေ နဲ့တည်ဆောက်ခဲ့တာဖြစ်ပြီး နောက်ပိုင်းအချောသတ်မှသာ အုတ်ခဲတွေကို ထည့်သွင်းအသုံးပြု တည်ဆောက်ခဲ့တာလို့ သိရပါတယ်။ ဒီတံတိုင်းတည်ဆောက်မှုနဲ့ ပါတ်သတ်ပြီး တရုတ်လူမျိုးပေါင်း 2-3 million လောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Argentina-Brazil Border မှာရှိတဲ့ Iguazu ရေတံခွန်






ကမ္ဘာပေါ်မှာရှိတဲ့ အလှဆုံးရှေ့ပြေး ရေတံခွန်တစ်ခု ဖြစ်ပါတယ်။ Iguazu ရေတံခွန်ကြီးဟာ သဘာဝတရားရဲ့ထူးခြားဆန်းကြယ်မှု တစ်ခုလည်းဖြစ်ပါတယ်။ ဒီရေတံခွန်ဟာ Argentina , Brazil နဲ့ Paraguay နယ်သုံးခုရဲ့ အစပ်မှာတည် ရှိတာဖြစ်ပါတယ် ။ အာဂျင်တီးနားလူမျိုးတွေက ဧည့်သည်တွေကိုရေတံခွန်ရဲ့ ညာဖက်ချမ်းကို လှည့်လည်ကြည့်ရှု ဖို့ ခွင့်ပြုခဲ့ပြီး ဘရာဇီးလူမျိုးတွေကတော့ သူတို့ဘက်ချမ်းကို မပျက်ဆီးသေးတဲ့ သဘာဝအမွေအနှစ်အဖြစ် ဂုဏ်ယူ ရှုမြင်ကြပါတယ် ။
ဒီရေတံခွန်ကို ပထမဆုံးစတွေ့ခဲ့တဲ့ အမျိုးသမီး Eleanor Roosevelt ရဲ့ပြောဆိုချက်အရ သူမဟာ ဒီရေတံခွန်ကို စစတွေ့ခြင်းမှာ " poor Niagara " လို့ တမိပါတယ်တဲ့ ။ ဒီရေတံခွန်ရဲ့ အနီးအနားပါတ်ဝန်းကျင် တ၀ိုက်မှာတော့ တွယ်တက်စရာ ကျောက်တုံးတွေ ရေမှုန်ရေမွှားတွေနဲ့ ပြည့်နှက်လို့နေပါတယ် ။ Iguazu ဟာ ကမ္ဘာပေါ်မှာ ရှိတဲ့အခြားရေတံခွန်တွေနဲ့စာရင်အမြင့်မားဆုံးသော ရေစီးဆင်းကျဆင်းမှု ရှိတယ်လို့သိရပါတယ် ။

ကျွန်တော်တို့ရဲ့ကမ္ဘာပေါ်မှာတည်ရှိတဲ့ အလှပဆုံးနေရာတွေကိုကြည့်ခြင်းအားဖြင့်ကျွန်တော်တို့ဟာရွေးချယ်နိုင် ခွင့်တောင် ပျောက်ဆုံးနေပြီး မိမိတို့နှလုံးသားမှာ အနှစ်သက်ဆုံးဆိုတဲ့ နေရာတွေကိုသာ သွားရောက်ဖို့ ဆုံးဖြတ်ရမှာဖြစ်ပါတယ် ။ အချို့က ကြည်လင်သန့်ရှင်းနေတဲ့ ရေမှုန်ရေမွှားတွေကို ချစ်ခင်နှစ်သက်စဉ်ပြီး ဆန်းကြယ်တဲ့ သဘာဝတရားကို ခံစားနေစဉ်မှာပဲ မှာပဲ တစ်ချို့ကတော့ မြို့သေးသေးရဲ့ ဗိသုကာလက်ရာတွေ အောက်မှာပဲ မိမိတို့ရဲ့ ဘ၀ကို မြှုပ်နှံထားကြပါတယ် ။


တောင်အမေရိကမှာ ရှိတဲ့ Amazon Rainforest- Amazon Bason





Amazon rainforest ဟာ ဘီလီယံ ချီတဲ့ ဧကတစ်ကြောမှာ အထူဆုံးတောအုပ် ဖြစ်ပါတယ် ။ ဒီတောအုပ်ကြီးဟာ Brazil ( 60% ) , Peru ( 13% ),Venezuela , Columbia , Ecuador , Guyana , Bolivia , French Guiana နဲ့ Suriname တို့ရဲ့ အစိတ်အပိုင်းတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ် ။ဒီတောကြီးရဲ့သိပ်သည်းနက်နဲမှုကတော့အလွန်ပဲနက်ရှိုင်းပြီးတောအုပ်တွေဟာ တစ်ခုနဲ့တစ်ခုစပ်ဆက်ပြီး လမ်းစရှာဖွေဖို့တောင် အလွန်ပဲခက်ခဲလှပါတယ် ။ နက်ရှိုင်းဆန်းကြယ်လှတဲ့ အလှအပတရားတွေနဲ့အချိန်မဲ့အသက်ရှူမှားဖွယ်ရာဒီတောအုပ်ကြီးဟာကမ္ဘာပေါ်မှာ နှိုင်းယှဉ်စရာမဲ့လှပြီး ဒီအတွေ့အကြုံကိုတော့ တစ်ခေါက်လောက် မြည်းစမ်းကြည့်သင့်ပါတယ် ။

နော်ဝေနိုင်ငံမှ Sognafjord ( Sogne Fjord )





ကမ္ဘာပေါ်မှာ ဒုတိယအရှည်ဆုံး ကျဉ်းမြောင်းနက်ရှိုင်းတဲ့ ရေလက်ကြားဖြစ်ပြီး နော်ဝေနိုင်ငံရဲ့ အကြီးဆုံးနေရာတစ်ခုဖြစ်ပါတယ်။ ဒီအံ့သြဆန်းကြယ်တဲ့နေရာက ထူးခြားဆန်းကြယ် မှုဆိုတာဘာလဲ ဆိုတာကိုတောင် နားလည်ဖို့ခက်ခဲလှပါတယ်။ ပင်လယ်ရေမျက်နှာပြင်မှ အပေါ်ဖက်သို့ ၂၀၀၀ မီတာမြင့်ပြီး
အောက်ဖက်သို့၁၃၀၀မီတာနက်ရှိုင်းပါတယ်။ကျယ်ပြန့်တဲ့အပြာရောင်ရေပြင်ကြီးရယ် လှပတဲ့ ကျောက်ကမ်းပါး တွေနဲ့ ပန်းချီဆန်ဆန် ရွာလေးတွေက သဘာဝကို ချစ်မြတ်နိုးတဲ့ ဧည့်သည်တွေအတွက်တော့ အကြိုက်တွေ့မယ့်နေရာတစ်ခုဖြစ်ပါတယ်။

            စာရေးသူ........သက်တန့်ချို......( ၁၁း၂၀ ည ၁.၉.၀၉ )

ကမ္ဘာပေါ်မှရှိတဲ့အလှဆုံးနေရာများ

                                                    အီဂျစ်နိုင်ငံမှ ပိရမစ်များ
အီဂျစ်နိုင်ငံမှပိရမစ်တွေဟာစတုရန်းပုံကျောက်တုံးတွေနဲ့ မျက်နှာပြင်လေးဖက်ပါရှိတဲ့ ကျောက်တုံးကြီးတွေကို
ဆုံမှတ်လေး တစ်နေရာသို့ရောက်အောင် စီရီပြီးတင်ထားခြင်း ဖြစ်ပါတယ်။ ပိရမစ်တွေနဲ့ ပတ်သတ်ပြီး ဟိုးယခင်ကတည်းကသူတို့ရဲ့သမိုင်းကြောင်းတွေသူတို့ဟာသဘာဝတရားနဲ့ ဘယ်လိုစပ်ဆက်မှုတွှေရှိသလဲဆိုတာ သိလိုစိတ်တွေ နဲ့ထူးဆန်းတဲ့သမိုင်းကြောင်းတွေ အများကြီးရှိခဲ့ ပါတယ်။



ဒါပေမယ့် အီဂျစ်နိုင်ငံမှ ပညာရှင်တွေက ဘီစီ ၂၇၀၀ ကျော်လောက်မှ ပိရမစ်တွေကို စတင်ပြီးလေ့လာခဲ့ကြပါတယ်။အီဂျစ်ပညာရှင်တွေရဲ့လေ့လာမှုတွေအရပိရမစ်တွေဟာ ဖာရိုဘုရင်တွေရဲ့ ရုပ်အလောင်းကို မြုပ်နှံဖို့အတွက် တည်ဆောက်ခဲ့ကြတာ ဖြစ်တယ်လို့ သိရှိခဲ့ရပါတယ်။ လူသိအများဆုံးနဲ့ ကမ္ဘာပေါ်မှာ အကြီးမာဆုံး ပိရမစ်တွေကတော့Giza မှာရှိတဲ့ ပိရမစ်တွေဖြစ်ပြီး တည်ဆောက်ထားသမျှထဲမှာ အကြီးမားဆုံးဖြစ်တယ် လို့ဆိုကြပါတယ်။ Giza မှာရှိတဲ့အကြီးမားဆုံး ပိရမစ်ကြီးဟာ လူပေါင်း ၃၀၀၀၀ နဲ့တည်ဆောက်ခဲ့ပြီး နှစ်ပေါင်း ၂၃ နှစ်ကြာခဲ့တယ်လို့ သိရပါတယ်။၁၁၈ ခုသောပိရမစ်တွေကို သီးခြားရှာဖွေသတ်မှတ် နိုင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်း လုံးကလူတွေကြားမှာ ရေပန်းစားခဲ့ပြီး ထင်ရှားကျော် စောခဲ့ပါတယ်။


Jordan နိုင်ငံမှ Petra မြို့

Petra ဟာ UNESCO မှဖော်ပြခြင်းခံရတဲ့ အဖိုးတန်ဆုံးသော အမျိုးသားယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်သိုက်ကြီး ဖြစ်ပါတယ်။သူဟာ Mount Hor ရဲ့ ကုန်းစောင်းပေါ်မှာ တည်ရှိတဲ့ အနုပညာတစ်ခုဖြစ်ပါတယ်။ကမ္ဘာပေါ်မှာရှိတဲ့အံ့သြဖွယ်ရာတွေထဲက တစ်ခုအပါအ၀င်ဖြစ်ပြီးကျောက်တုံးတွေကို ပိုင်းဖြတ်ပြီးတည်ဆောက်ထားတဲ့ အနုပညာလက်ရာကြောင့် ထင်ရှားကျော်စောခဲ့ပါတယ်။



ဒီနေရာဟာ 1812 မတိုင်ခင်ထိ တိမ်မြုပ်နေခဲ့ပြီး Swiss လူမျိုးရှာဖွေသူတွေက ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဆိုရိုးစကားတွေအရတော့ဒါဟာ ဘုရားသခင်က Jewish လူမျိုးတွေအတွက် တည်ဆောက်ပေးခဲ့တယ်လို့ သိရပါတယ်။ Petra ဟာ ရောမအင်ပါယာရဲ့လက်အောက်မှာတစ်ချိန်က ထင်ရှားကျောကြားခဲ့ပြီး နောက်ပိုင်း Arabian လူမျိုးတွေ ၀င်ရောက်ထိုးဖောက် လာတဲ့အခါမှာတော့ တဖြည်းဖြည်းမှေးမှိန်ပျောက်ကွယ်သွားခဲ့ပါတယ်။ဒီနောက်ပိုင်းမှာတော့ငလျှင်တစ်ခု အကြီးအကျယ်လှုပ်ပြီး ပျက်စီးဆုံးရှုံးမှုများစွာကို ဖြစ်စေခဲ့ပါတယ်။တိုးရစ်တွေဟာ ဒီလှပတဲ့မြို့ကြီးရဲ့ ပျက်စီးမှုတွေကို ဖျက်ကနဲ မြင်ယောင် ကြည့်ကြဖို့ အတွက် စုစည်းပြီးလာရောက်လေ့ရှိကြ ပါတယ်။



Northern North America မှာရှိတဲ့ Greenland



Greenland ဟာ ကမ္ဘာပေါ်မှာအကြီးမာဆုံး ကျွန်းတစ်ခုဖြစ်ပါတယ်။ ဒီကျွန်းဟာ အကျယ်အားဖြင့် ၁၀၅၀ ကီလိုမီတာကျယ်ပြီး ကျွန်းတစ်ကျွန်းလုံးရဲ့ ၉၅ ရာခိုင်နှုန်းဟာ ရေခဲတွေနဲ့ ဖုံးလွှမ်းနေပါတယ်။ မပျက်စီးသေးတဲ့ ခမ်းနားကြီးကျယ် ဂုဏ်ရှိတဲ့ ဒီကုန်းမြေဟာသင့်ရဲ့ အသက်ရှင်နေထိုင်မှုကို ရိုးရှင်းစွာနဲ့ အဝေးက ခေါ်ဆောင် သွားပါ လိမ့်မယ်။ သင်တစ်ခါမှ မမက်ဘူးတဲ့ အိမ်မက်အဆန်းတွေကို ရရှိစေမှာ ဖြစ်ပါတယ်။



ဒီခမ်းနားတဲ့ရေခဲချပ်ကြီးတွေရှည်လျှားကျဉ်းမြောင်းတဲ့ရေခဲဂူကြီးတွေရေခဲမြစ်တွေနဲ့ အပင်ဆန်းဆန်းတွေက လာလည်သူတွေရဲ့နှလုံးသားကိုဆွဲဆောင် နိုင်မှာ ဖြစ်ပါတယ်။
             စာရေးသူ....သက်တန့်ချို.........(၁၂း၃၀ မနက် ၂၇.၈.၀၉)

Wednesday, January 22, 2014

ကြက်သွန်နီက နှလုံးရောဂါနှင့် အစာအိမ်ကင်ဆာကို ကာကွယ်တားဆီးနိုင်

   ကြက်သွန်နီက နှလုံးရောဂါကို ကာကွယ်နိုင်ကြောင်း သုတေသီများက

ကြေငြာကြွေးကြော်လိုက်ကြသည်။ ကြက်သွန်နီမှာ ခန္ဒာကိုယ်ထဲမှ
နှလုံးရောဂါနှင့် လေဖြတ်ခြင်းများ ဖြစ်ပွားစေသည့် မကောင်းသော
ကိုလက်စထရောလ်များကို ကူညီစွန့်ထုတ်ပေးပြီး တစ်ချိန်တည်းမှာ
နှလုံးရောဂါကို တိုက်ဖျက်ပေးသည့် ကောင်းသော ကိုလက်စထရောလ်များကို
ထိန်းသိမ်းပေးကြောင်း တရုတ်သုတေသီများက ထုတ်ဖော်ကြေငြာလိုက်ခြင်း ဖြစ်သည်။

Sunday, January 19, 2014

အင်ဒိုနီးရှားဆူနာမီမှ ပေါ်ထွက်လာသော ရေသူမ

အင်ဒိုနီးရှားဆူနာမီမှ ပေါ်ထွက်လာသော ရေသူမ လေးပါ...
ကြည့်လိုက် ကြပါအုံး....







အင်ဒိုနီးရှားဆူနာမီမှ ပေါ်ထွက်လာသော ရေသူမ



အင်ဒိုနီးရှားဆူနာမီမှ ပေါ်ထွက်လာသော ရေသူမ
ရေသူမ...

ဇာတ်လမ်းတွေထဲမှာတော့ ချောချောလေးနဲ့ စိတ်ကူးယာဉ်လို့တော့ အကောင်းသားဗျ...
အင်ဒိုနီးရှားနိုင်ငံမှာ ဆူနာမီ အပြီး ပင်လယ်ထဲက ကမ်းပေါ်မှာ ကျန်ခဲ့တဲ့ တစ်ကယ့်ရေသူမအစစ် အချောလေးတွေကို အောက်က ဓါတ်ပုံလေးတွေမှာ ကြည့်လိုက်ကြပါအုံး - See more at: http://aunghtunoo.blogspot.com/2012/08/blog-post_3941.html#sthash.ODUzpQ2m.dpuf
ရေသူမ...

ဇာတ်လမ်းတွေထဲမှာတော့ ချောချောလေးနဲ့ စိတ်ကူးယာဉ်လို့တော့ အကောင်းသားဗျ...
အင်ဒိုနီးရှားနိုင်ငံမှာ ဆူနာမီ အပြီး ပင်လယ်ထဲက ကမ်းပေါ်မှာ ကျန်ခဲ့တဲ့ တစ်ကယ့်ရေသူမအစစ် အချောလေးတွေကို အောက်က ဓါတ်ပုံလေးတွေမှာ ကြည့်လိုက်ကြပါအုံး - See more at: http://aunghtunoo.blogspot.com/2012/08/blog-post_3941.html#sthash.ODUzpQ2m.dpuf

ကမ္ဘာ့အညစ်ပတ်ဆုံး အသက် ၈၀ အရွယ် လူပျိုအဘိုးကြီး

ရေမချိုးတာ နှစ် ခြောက်ဆယ် ကျော်ပြီ ဖြစ်တဲ့ ကမ္ဘာ့အညစ်ပတ်ဆုံး အသက် ၈၀ အရွယ် လူပျိုအဘိုးကြီးက ကြင်ယာဖက်ရှာ
တစ်ကိုယ်ရည်နေထိုင်တဲ့ လေလွင့်အဘိုးကြီး Amou Haji ဟာ အသက် ၂၀ အရွယ်က မိန်းမတစ်ယောက်ကို ပိုးပန်းခဲ့ဖူးပေမယ့် အချစ်ရေးကံမကောင်းခဲ့ပဲ သူ့ ချစ်သူကို ဆုံးရှုံးလိုက်ရပါတယ်။ အဲဒီ့အချိန်ကစ ရေမချိုး၊ မသန့် ရှင်းပဲ နေထိုင်ခဲ့တဲ့ Amou Haji ဟာ အခုဆို အသက် ၈၀ အရွယ်ကို ရောက်ရှိလာပါပြီ။ အချစ်ရေးကံခေ ခဲ့ပြီးနောက် Amou ဟာ အီရန်နိုင်ငံတောင်ပိုင်း ၊ Dejgah ဆိုတဲ့ ရွာနားက တောနက်ထဲမှာ တစ်ကိုယ်ရည် နေခဲ့ပြီး ၊ ညတွေမှာဆို သူဟာ မြေတွင်းထဲမှာ အိပ်စက်ပြီး ဆောင်းရာသီမှာတော့ ရွာသားတွေက သူ့ အတွက် ဆောက်ပေးထားတဲ့ အုတ်တိုက်ငယ်လေးမှာ နေထိုင်ပါတယ်။

သူ အနှစ်သက်ဆုံးအရာကတော့ တိရစ္ဆာန်နောက်ချေးခြောက်တွေကို ဆေးတံထဲထည့်ပြီး သောက်ရတာကိုပါတဲ့။ Amou ဟာ သူ့ ရဲ့ စုတ်စုတ်ပြတ်ပြတ်နေထိုင်တဲ့ ပုံစံကို လက်ခံပြီး သူနဲ့ အတူ နေထိုင်နိုင်မယ့် အမျိုးသမီးကို လက်ထပ်ချင်တယ်လို့ Tehran Times သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

Dejgah ရွာထဲက လူငယ်တွေဟာ Amou က တစ်ခါက ရေချိုးသန့် စင်ပေးဖို့ ဝိုင်းကြိုးစားခဲ့ကြပေမယ့် ၊ Amou က ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ သူရေမချိုးရတဲ့ အကြောင်းရင်းက သူဟာ သန့် သန့် ရှင်းရှင်းနေထိုင်ရင် ဖျားနာတတ်တယ်လို့ ယူဆနေလို့ ပါ။

နှစ်ခြောက်ဆယ်လုံး ရေမချိုးပဲ ညစ်ညစ်ပတ်ပတ်နေခဲ့ပေမယ့် သူဟာ အခုထိ မိန်းမလိုချင်တုန်းဖြစ်ပြီး ရွာထဲက မိန်းမတွေကို လူပျိုလာလှည့်ရင် မီးရှို့ ထားတဲ့ တုတ်နဲ့  သူ့ ရဲ့ ရှည်လျားကြမ်းတမ်းတဲ့ မုတ်ဆိတ်၊ပါးသိုင်းမွှေးတွေကို လောင်မြှိက်လိုက်ပြီး ၊ ကားနောက်ကြည့်မှန် အစုတ်တစ်ခုနဲ့ သူ့ ကိုယ်သူ လှပအောင် ပြင်ဆင်ပြီး ရွာထဲလာတယ်လို့ ဆိုပါတယ်။

ကျွန်းနှစ်ကျွန်းကို ဗဟိုကျွန်း (Main Land) နဲ့ ဆက်စပ်ထားပေးတဲ့ လမ်း တံတား






    နော်ဝေနိုင်ငံရှိ ကျွန်းနှစ်ကျွန်းကို ဗဟိုကျွန်း (Main Land) နဲ့ ဆက်စပ်ထားပေးတဲ့ လမ်း (တံတား)ဖြစ်ပါတယ်။

၅.၂ မိုင်ရှည်လျားတဲ့ ယင်းတံတားကို ကျွန်းငယ်လေးတွေပေါ်အခြေပြုတည် ဆောက်ထားခြင်းဖြစ်ပါတယ်။ တံတားဟာ
သာမန်နဲ့မတူပဲ ကွေ့ဝိုက်၊ နိမ့်မြင့်ရတဲ့ ရည်ရွယ်ချက်ကတော့ ပင်လယ်ရေလှိုင်း ရိုက်ခတ်မှဒဏ်ကို ခံနိုင်ရည်ရှိမဲ့ နည်းလမ်းတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

နော်ဝေရေပိုင်နက် (Atlantic ပင်လယ်) အတွင်းမှာ တည်ဆောက်ထားတဲ့ ယင်းတံတားဟာ ၁၉၂၁ က စတင်တည်တင်ဆောက်ခြင်း ဖြစ်ပြီး တစ်ဖြည်းဖြည်းနဲ့ ပုံစံပြောင်း ရှည်လျားလာခြင်း ဖြစ်ပါတယ်။ ဒီဇိုင်းဆန်းနဲ့ တည်ဆောက်
ထားတဲ့ ယင်းတံတားကို Atlantic Ocean Road လို့ လူသိများပါတယ်။

Wednesday, December 25, 2013

ခြေလေးချောင်းပါသည့် မိန်းကလေး




                             စက်တင်ဘာ   ၁၄  ရက်  ညနေ ၂ နာရီခွဲက ဒိုက်ဦးမြို့နယ်  သပြေတန်းကျေးရွာအုပ်စု  ရောင်နီဦး ကျေးရွာအင်ကြင်းစုပိုင်းနေ အဖ ဦးမောင်လွင်၊ အမိ ဒေါ်ဌေးတို့မှ သတ္တမမြောက်မွေးဖွားသော မိန်းကလေး ကိုယ်အလေးချိန်  ၆ ဒသမ ၅ ပေါင်ရှိ  မွေးကတည်းက ခြေလေးချောင်းပါဝင်သော ကလေးငယ်တစ်ဦးကို အရပ်သားဖွားဖြင့်နေအိမ်တွင် မွေးဖွားခဲ့ပြီး ဒိုက်ဦးဆေးရုံသို့ ညနေ ၅ နာရီ ၁၅ မိနစ်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါကလေးသည်  ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး ခွဲစိတ်မှုပြုနိုင်ရေးအတွက် တိုင်းဒေသကြီး အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့က အလှူငွေကျပ်တစ်သိန်း၊ ခရိုင်အမျိုးသမီးရေးရာနှင့်  မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့က  အလှူငွေကျပ်ငါးသောင်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့်ဌာနဆိုင်ရာများက အလှူငွေကျပ် တစ်သိန်း၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းက အလှူငွေကျပ် ငါးသောင်း၊ စေတနာရှင်ပြည်သူများက   အလှူငွေကျပ် ၇၆ဝဝဝ စုစုပေါင်းငွေကျပ် ၃၇၆ဝဝဝ  တို့ကို ထောက်ပံ့လှူဒါန်းခဲ့ပြီး ဒိုက်ဦးပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းနှစ်ဦးလိုက်ပါလျက် ရန်ကုန်မြို့ ကလေးဆေးရုံကြီးသို့ ည ၇ နာရီ မိနစ် ၂ဝ တွင် သုခကာရီကရုဏာလက်များအသင်း(ဒိုက်ဦး)၏ လူနာတင်ယာဉ်ဖြင့် လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဦးခေါင်းနှစ်လုံးပါနွားကလေး


     စဥ့်ကူးမြို့နယ်တွင် ထူးခြားစွာတွေ့ခဲလှသည့် ဦးခေါင်းနှစ်လုံးပါနွားကလေး တစ်ကောင်ကို ပင်လယ် ကြီးကျေးရွာ တောင်ယာစိုက်ခင်းလုပ်ကိုင်သူ ဦးစံလှနေအိမ်တွင် မိခင်နွားမကြီးက မွေးဖွား ကြောင်း သိရသည်။
“ဒီနွားမကြီးက ဒီတစ်သားနဲ့ဆို သုံးသားရှိသွားပြီ။ သုံးသားမြောက်မှာ  ဒီခေါင်းနှစ်လုံးပါနွားကလေး ထူးထူးဆန်းဆန်းမွေးဖွားပြီး အံ့ဩဖို့ကောင်းပါတယ်။ မွေးစကတော့ အသက်ရှင်လျက်ရှိပါတယ်။ ကျွန်တော့်အထင်တော့ လမစေ့ဘဲ မွေးတာဖြစ်လို့ မွေးပြီးမကြာခင်မှာ သေသွားတာဖြစ်နိုင်တယ်’’ဟု ဦးစံလှက ပြောပြသည်။
အဆိုပါ နွားကလေးသည်နွားထီးကလေးဖြစ်ပြီး ခေါင်းနှစ်လုံးနှင့်  ဘို့နှစ်လုံး ပါရှိပြီး အခြားနွားများကဲ့သို့ အင်္ဂါများစုံလင်စွာပါရှိကြောင်း သိရသည်။ အဆိုပါ ခေါင်းနှစ်လုံးပါ  ထူးဆန်းသည့်နွားကလေးကို စဥ့်ကူးမြို့မှ  ဦးမျိုးကျော်က ပိုင်ရှင်ထံမှ ငွေကျပ်  ၃၀၀၀၀ ဖြင့် ပေးချေဝယ်ယူသွားကြောင်း သိရသည်။

သေဆုံးပြီး ၄၂ နှစ်ကြာမှ တွေ့ရသည့် အမျိုးသမီးကြီး



Photo: သေဆုံးပြီး ၄၂ နှစ်ကြာမှ တွေ့ရသည့် အမျိုးသမီးကြီး
=========

၁၉၄၂ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ဒီခရိုအေးရှား အမျိုးသမီးကြီးကို TV ကြည့်ရင်းနဲ့ သေဆုံးနေခဲ့တာကို ၄၂ နှစ် အကြာမှ တွေ့ခဲ့ရပါတယ်။ သူမ ထိုင်ခုံရဲ့ ဘေးမှာ ဖျော်ထားတဲ့ လဖက်ရည် ခွက်တစ်ခွက်ကိုလည်း တွေ့ရပါသေးတယ်။ သူမ ကြည့်နေတဲ့ တီဗွီကတော့ အဖြူအမဲ တီဗွီ အမျိုးအစား ဖြစ်ပါသတဲ့။

ဘာရောဂါ၊ ဘယ်လို သေသွားတယ် ဆိုတာတော့ မသိပါဘူး။
ဒါပေမယ့် ပုံ ကြည့်ရတာတော့ ခန့်ခန့်ကြီးနဲ့ ဆန့်ဆန့်ကြီး သေသွားပုံပဲ။
        ၁၉၄၂ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ဒီခရိုအေးရှား အမျိုးသမီးကြီးကို TV ကြည့်ရင်းနဲ့ သေဆုံးနေခဲ့တာကို ၄၂ နှစ် အကြာမှ တွေ့ခဲ့ရပါတယ်။ သူမ ထိုင်ခုံရဲ့ ဘေးမှာ ဖျော်ထားတဲ့ လဖက်ရည် ခွက်တစ်ခွက်ကိုလည်း တွေ့ရပါသေးတယ်။ သူမ ကြည့်နေတဲ့ တီဗွီကတော့ အဖြူအမဲ တီဗွီ အမျိုးအစား ဖြစ်ပါသတဲ့။

ဘာရောဂါ၊ ဘယ်လို သေသွားတယ် ဆိုတာတော့ မသိပါဘူး။
ဒါပေမယ့် ပုံ ကြည့်ရတာတော့ ခန့်ခန့်ကြီးနဲ့ ဆန့်ဆန့်ကြီး သေသွားပုံပဲ။

Monday, December 23, 2013

ကလေးငယ်များတွင် အရေးကြီးသည့် ရောဂါလက္ခဏာများ

 ညမင်းသား ဘလော့မှ
(၁) နှုတ်ခမ်းပြာခြင်း (cyanosis)
ပါးစပ်နှင့်နှုတ်ခမ်းများပြာခြင်းသည် ကလေးငယ်၌ အောက်စီဂျင် ကောင်းစွာမရသောကြောင့်ဖြစ် သည်။ အောက်စီဂျင်ရှူစက်ရှိနိုင်မည့် နီးစပ်ရာဆေးရုံ၊ဆေးခန်းသို့အမြန် သွားပါ။

(၂) အသက်ရှူရခက်ခြင်း(၁) နှုတ်ခမ်းပြာခြင်း (cyanosis)
ပါးစပ်နှင့်နှုတ်ခမ်းများပြာခြင်းသည် ကလေးငယ်၌ အောက်စီဂျင် ကောင်းစွာမရသောကြောင့်ဖြစ် သည်။ အောက်စီဂျင်ရှူစက်ရှိနိုင်မည့် နီးစပ်ရာဆေးရုံ၊ဆေးခန်းသို့အမြန် သွားပါ။

(၂) အသက်ရှူရခက်ခြင်း
ကလေးငယ်အသက်ရှူရခက် ခြင်း၊ အသက်ရှူမြန်ခြင်း၊ အသက်ရှူ နိုင်ရန် ရင်ပတ်နှင့်လည်ပင်းကြက် သားများ အားပြုရသောကြောင့် နံရိုး များအကြား ရင်ပတ်ချိုင့်ဝင်ခြင်း၊ လည်ပင်းကြွက်သားများ ထိုးထိုး ထောင်ထောင်ဖြစ်လာခြင်း၊ အသက် ရှူစဉ် တရွှီးရွှီးမြည်ခြင်းတို့ဖြစ်လာပါက ဆေးရုံသို့အမြန်သွားပါ။

(၃) မွေးကင်းစကလေးများ၌ အဖျားကြီးခြင်း
မွေးကင်းစ နှစ်လအောက် ကလေးများ၌ အဖျားတိုင်းသည့်အခါ စအိုတွင်းသို့ သာမိုမီတာထည့် တိုင်းပါ။ အဖျား ၁၀၀.၄ ဒီဂရီဖာရင် ဟိုက် ကျော်ပါက ဆရာဝန်နှင့်ပြပါ။ မွေးကင်းစအဖျားသည် အအေးမိခြင်း မှ ဦးနှောက်အမြှေးရောင်ခြင်းအထိ ဖြစ်နိုင်ပြီး အခြားအရွယ်ကလေးများ ထက် ပိုမိုဂရုစိုက်ကုသရလေ့ရှိသည်။

(၄) အသားဝါခြင်း
မွေးကင်းစ အသားဝါလျှင် အလင်းကုထုံး (phototherapy) ပေး၍ကုသရလေ့ရှိသည်။ အသားဝါ စေသည့် ဘီလီရူဘင်ဓါတ် (bilirubin) အလွန်အမင်းမြင့်တက်လာပါက ကလေးငယ်၏ဦးနှောက်ကိုထိ ခိုက်စေပြီး ဉာဏ်ရည်မမီ သည်အထိ ဖြစ်စေသည်။

(၅) အစိမ်းရောင်၊ အညိုရောင် အန်ခြင်း
ကလေးငယ်များသည် မကြာခဏ အန်တတ်သူများဖြစ်သော်လည်း အစိမ်းရောင်၊ အညိုရောင်များ အန်ပါကဂရုစိုက်သင့်သည်။ အူလမ်း ကြောင်းပိတ်ခြင်းကြောင့် အစိမ်းရောင်အန်တတ်ပြီး ၀မ်းတွင်းသွေး ထွက်ခြင်းကြောင့် ကော်ဖီအနှစ်အညို မည်းရောင် (ကော်ဖီရည် အညို ဖျော့ရောင်မဟုတ်) အန်တတ်သည်။ ကလေးငယ်ဦးခေါင်းကို ထိခိုက်မှု ဖြစ်ပြီးနောက်အန်ပါကလည်း အရေး တကြီး စောင့်ရှောက်သင့်သည်။

သီဟ

Sunday, December 22, 2013

လူငယ်တွေ သုံးနေကြတဲ့ စိတ်ကြွဆေး “မော်လီ” ဆေးပြား ပိုဆိုးဝါး

  
• ဆေးဝါးဗေဒအရ MDMA (3,4-methylenedioxy-N-methylamphetamine) လို့ခေါ်တယ်။
• Ecstasy စိတ်ကြွစေတယ်။ Mandy (မင်န်ဒီ) လို့လဲခေါ်တယ်။ Molly (မော်လိ) လို့လဲခေါ်ကြတယ်။
• ဆေးသုတေသီတွေတွေ့ရှိချက်အရ ကနေ့ထုတ်လုပ်ရောင်းချနေတဲ့ ဒီဆေးဟာ MDMA အစစ်မဟုတ်တော့ဘူးလို့ သိလာရတယ်။ ဆေးတလွဲသုံးသူတွေရဲ့ ကျန်းမာရေးကို ပိုပြီးဆိုးစေမယ်။
• ဆေးအစွမ်းက ဗဟိုအာရုံကြောစနနစ်ကိုသက်ရောက်တယ်။ အကောင်းတွေချည်းထင်မြင်ခံစားရမယ်။ ဒီအချက်ကို လိုချင်လို့ ဆေးတလွဲသုံးကြတာဖြစ်မယ်။ တချိန်တည်းမှာ နှလုံးခုန်မြန်လာမယ်။ သွေးဖိအား တက်လာမယ်။ သွေးကြောတွေကျဉ်းမယ်။ ချွေးထွက်မယ်။ တချို့ဆေးအရောတွေကနေ ဆောက်တည်ရာမရ ဖြစ်မယ်။ စိတ်ဖေါက်ပြန်မယ်။ တက်မယ်။ နောက်ပိုင်းမှာ စိတ်ကျရောဂါဝင်လာမယ်။ သေစေနိုင်တယ်။

  Medical Writings ဆေးပညာစာများ ...မှ....

Wednesday, June 19, 2013

သိထားကြပါ

ကျွန်တော် အစကတော့ မရေးတော့ဘူး လို့ပဲ တွေးထားတာ ခုဟာက ဟိုနေရာလဲ တွေ့ ဒီနေရာလဲ တွေ့ဆိုလို့ နဲနဲလေးတော့

သိအောင်ရေးမယ်ဆိုပြီး အောက်က စာလေး ရေးလိုက်ပါတယ်။
ခု လောလောဆယ် ဒီနိုင်ငံမှာ ဗမာလူမျိုးတွေ လက်ကိုင်ထားတဲ့ စကားလေး နှစ်လုံးက
""မက္ကာဟ်မှာ ဘုရားတည်လို့ရသလားတဲ့"""
""ဆော်ဒီမှာ ဘုန်းကြီးကျောင်းဆောက်လို့ရသလားတဲ့""
တို့ ဗမာနိုင်ငံမှာ ဗလီ ဆောက်ခွင့်ပေးတာတောင် လွန်လှပြီတဲ့..........ဟုတ်ပါသလားခင်ဗျာ...
ကျွန်တော်ဖြေပါမယ်။
၁။ မြန်မာနိုင်ငံ ကို အင်္ဂလိပ်က ကျွန်ပြုခဲ့ပါတယ်။ အဲလိုပဲ အနီးနားက အိန္ဒိယကိုလဲ အင်္ဂလိပ်က ကျွန်ပြုခဲ့ပါတယ်။
သူ့လက်အောက်ခံနိုင်ငံထဲမှာ ဘယ်က ဘယ်သွားသွား စိတ်ကြိုက်သွားလို့ရပါတယ်။ (ခု ရှမ်းပြည်နဲ့ မြန်မာပြည် ပြည်မထဲကို
လွတ်လွတ်လပ်လပ်သွာလို့ရပါတယ်။ တကယ်လို့များ ရှမ်းတိုင်းရင်းသားတွေက မိမိတို့ ရှမ်းနိုင်ငံသီးခြား သာ ထူထောင်ခဲ့လျှင်

ကျွန်တော်တို့ တောင်ကြီးတို့ လားရှိုးတို့ သွားချင်ရင် ဗီဇာလုပ်ရမှာပေါ့)
အဲဒီအခါမှာ ကျွန်တော်တို့ သွေးနှောပြည်သူများ (ခင်ဗျားတို့အခေါ် ကုလားတွေပေါ့) ရဲ့ ၇၀% နီးနီးဟာ မြန်မာနိုင်ငံထဲကို

ရောက်လာကြပါတယ်။ ၇၀%လို့ပြောတာက ကျန်တဲ့ ၃၀% က ရှေးပဝေသဏီထဲက မြန်မာနိုင်ငံထဲမှာ ရှိခဲ့ပါတယ်။

ရွှေဘိုနယ်မှာဆိုရင် ဦးအောင်ဇေယျ လက်အောက်မှာ အမှုထမ်းခဲ့တဲ့ မွတ်စလင်တပ်မှူးကြီးတွေရဲ့ မျိုးဆက်တွေ၊

မန္တလေးမှာဆိုရင် မင်းတုန်းမင်းကိုယ်တော်တိုင် ချီးမြှင့်ခဲ့တဲ့ ပလီ ၀တ်ပြုကျောင်းဆောင်တွေ က သက်သေပေါ့ (ဟိုတလောက

လူကြီး တစ်ယောက်ပြောသလို ဗလီတွေက ခွင့်ပြုချက်နဲ့ ဆောက်တာမဟုတ်ဘူးဆိုတာကတော့ မင်းတုန်းမင်းက ထို

လူကြီးမင်းထံကို ခွင့်ပြုချက် မတင်ခဲ့လို့နေမှာပါနော်....)
လိုရင်းပြောပါမယ်။ အဲဒီ ၃၀% ကိုခဏထားပေါ့ ကျန်တဲ့ ၇၀%နှုန်းက ကျွန်ပြုခံရတာချင်းတူတူ ကူးလူးသွားလာရင်းနဲ့ ဒီနိုင်ငံကို

ရောက်တယ်ဆိုပါတော့။ ဒီမှာ လုပ်ကိုင်စားသောက် အိမ်ထောင်သားမွေးနဲ့ ဒီနိုင်ငံရဲ့ သစ္စာတော်ခံတွေပဲဖြစ်လာတယ်ပေါ့။

ဒီလိုနဲ့ အနိုင့်အထက် ကျွန်ပြုခံရတာကို မကျေနပ်တဲ့ အမျိုးကောင်းဇာနည် သခင်အောင်ဆန်းအပါအ၀င် မြင့်မြတ်သော

ရှေးဗမာကြီးများက အင်္ဂလိပ်ကို တွန်းလှန်ဖို့ ကြံတော့ သစ္စာတော်ခံတွေ ပီပီ သခင်အောင်ဆန်းတို့နဲ့ ပူးပေါင်းပြီး

ကျရာနေရာကနေ စွမ်းဆောင်ပေးခဲ့ကြတာပေါ့။ ဒါတွေကို ပြန်ပြီး ဇာချဲ့မနေတော့ပါ။ ဒီလိုနဲ့ လွတ်လပ်ရေးရလာတာ ခုဆို နှစ်

၆၀ ကျော်သွားခဲ့ပါပြီ......ဒီနှစ်ခြောက်ဆယ်လုံးလဲ အဲဒီ သွေးနှော ဘီဘင်များရဲ့ မျိုးဆက်များဟာ ဒီမြန်မာနိုင်ငံမှာပဲ

အေးအတူပူအမျှ နေလာခဲ့ကြပါတယ်။ မုန်တိုင်းတိုက်လဲ အတူတူခံရပါတယ်။ ငလျင်လှုပ်လဲ အတူတူ ခံရပါတယ်။

စစ်အာဏာရှင်တွေက ဖိနှိပ်လို့ ပြန်တွန်းလှန်ဖို့ ကြိုးစားရင်း ပညာတ၀က်တပျက်နဲ့ တောခိုခဲ့ကြတာလဲ အတူတူပါပဲ။ ဟော ခု

ဒီမိုကေ၇စီရဲ့ ကနဦး (ကျွန်တော်တို့ အရွယ်တွေမီခဲ့တဲ့) ၈၈ အရေးအခင်းမှာလဲ ကုလားတွေ ပါတာပဲ။ ၂၀၀၇

သံဃာ့လှုပ်ရှားမှုမှာလဲ ကုလားတွေက ဘေးက လက်တွဲလို့.....
ကဲ စာတော်တော်ရှည်သွားပါပြီ.... လိုရင်းပြောပါမယ်။

ဆော်ဒီမှာ ဘုရားတည်ချင်ပါတယ်ဆိုတဲ့သူတွေကို မေးပါမယ်။
ဆော်ဒီအာရေးဗီးယားလို့ အသိများတဲ့ စအူဒီအာရဗ်နိုင်ငံဟာ တမာန်တော်မြတ်ကြီး (PBUH) မရှိတော့တဲ့ နောက်

နှစ်အတန်ကြာမှာ အာရဗ်တွေ လက်က အာဏာဆုံးရှုံးသွားပါတယ်။ ဒါကို စအူဒ် ဘုရင်လို့ ခေါ်တွင်လာမဲ့ အာရဗ်နွယ်က

ပြန်လည်ရယူပြီးမှ စအူဒီအာရဗ်နိုင်ငံကို တည်ထောင်ခဲ့တာပါ။ (ဆော်ဒီနိုင်ငံသမိုင်း ရေးသားမည်မဟုတ်၍

ဤမှသာဖော်ပြသည်)
ကဲမေးပါပြီ..... အဲဒီ စအူဒ် ဘုရင် ဆော်ဒီ နိုင်ငံကို တည်ထောင်ဖို့ ကြိုးစားခဲ့စဉ်မှာ

ဘယ်ဗမာတစ်ယောက်....ဘယ်မြန်မာနိုင်ငံသားတစ်ယောက်ကများ ပါဝင်ဘူးပါသလဲ.........
ထပ်မေးပါမယ်.....

ဆော်ဒီဘုရင့်နိုင်ငံ ပေါ်ပေါက်လာမှုတွင် ဗမာတစ်ယောက်ယောက်၏ အခန်းကဏ္ဍကို ဖော်ပြပေးပါ........

အေး...အဲလို မပါဝင်ဘူးပဲနဲ့.....
အဲဒီနိုင်ငံမှာ နှစ်ပေါင်း လေးငါးဆယ်လောက် ဒုက္ခ..သုက္ခ အစုံခံ အေးအတူပူအမျှ မနေဘူးပါလျက်
အဲဒီနိုင်ငံမှာ လူဦးရေ သိန်းဂဏာန်းပြည်အောင်တောင် နိုင်ငံသားမရှိပါပဲလျက်.....၏

ဘာအတွက်ကြောင့် ဆော်ဒီနိုင်ငံမှာ ဘုရား မဆောက်ရတာလဲ အပစ်တင်နေတာ ခင်ဗျားတို့မှားသလား

အာရဗ်တွေမှားသလား...စဉ်းစား...သေချာစဉ်းစား

ဆော်ဒီမှာ မွတ်စလင်မ်မဟုတ်တဲ့ ကော့ပ်တစ်လူမျိုး ခရစ်ယာန်ဘာသာဝင် သန်းနဲ့ချီပြီး နေကြတယ်။ သူတို့ ချတ်ခ်ျကျောင်းတွေ

ဆောက်ကြတယ်...လွတ်လွတ်လပ်လပ် ကိုးကွယ်နေကြတယ်.....အဲဒါကိုကော.........မင်းတို့သိလား........ငါပြောတာတွေ

မယုံရင် ဂိုဂယ်မှာ ဆော်ဒီအကြောင်း တချက်ရိုက်ရှာလိုက်...အကုန်ပါတယ်။ နားလည်လား...........

ထပ်ပြောဦးမယ်........""မက္ကာဟ်မှာ ဘုန်းကြီးကျောင်း တည်လို့မရဘူး"" ဆိုသူများအတွက်
မက္ကာဆိုတာ သာသနာ့နယ်မြေ သီးသန့်နယ်မြေ....ဆော်ဒီ ကျန်တဲ့ နေရာတွေမှာ လွတ်လပ်စွာကိုးကွယ်လို့ရတယ်။

ဒီနယ်မြေတော့ အစ္စလာမ့်နယ်မြေဖြစ်နေလို့မရဘူး........

မင်းတို့ရှင်းအောင် ဥပမာပေးမယ်........
ပုဂံဆိုတာ ဗုဒ္ဓသာသနာ့နယ်မြေ.......အဲဒီ ပုဂံဘုရားတွေအလယ်မှာ

ဗလီဆောက်လို့ရမလား...ချတ်ခ်ျကျောင်းဆောက်လို့ရမလား.........ကိုယ်ချင်းစာကြည့်ပါ............

ကဲ နိဂုံးချုပ်မယ်........
(၁) ဆော်ဒီမှာ ဘုရားတည်လို့ မရဘူး ဆိုသူများအတွက် ဆော်ဒီနိုင်ငံမှာ နှစ် ၅၀ လောက်

သွားနေပါ....တိုင်းပြည်အခွန်ဆောင်ပါ...အေးအတူပူအမျှနေပါ......လိုအပ်တဲ့ နိုင်ငံရေး လှုပ်ရှားမှုမှာ နိုင်ငံအတွက်

ဘ၀တွေရင်း အသက်တွေရင်းပြီး ပါဝင်ပေးပါ......လူဦးရေ သိန်းဂဏာန်းလောက် လူမျိုးစုလေးဖြစ်အောင်နေပါ......ပြီးရင်

ခင်ဗျားမေးခွန်းကို ဖြေပေးပါမယ်.......ဆော်ဒီမှာ အဲဒီအခြေအနေဆိုရင် ဘုရားတည်လို့ရပါမယ်...

(၂) မက္ကာဟ်မှာ ဘုန်းကြီးကျောင်းဆောက်မရဘူးဆိုသူများအတွက် ပုဂံဘုရားများအလည်မှာ ချတ်ခ်ျကျောင်း သို့မဟုတ် ပလီ

ဆောက်လို့ရတဲ့နေ့ပြန်လာခဲ့ပါ။ အဖြေပေးပါမယ်လို့ ပြောရင်း နိဂုံးချုပ်ပါတယ်..............
လွတ်လပ်စွာ ဆဲဆိုနိုင်ပါတယ်....မှန်တာပြောလို့ အဆဲခံရမယ်ဆိုရင် ကျေနပ်ပါတယ်.........

Thursday, August 16, 2012


အေဒီ ၁၈၂၆ ခု၊ ရန္တပိုစာချုပ်ချုပ်ဆိုအပြီး ဘကြီးတော် မင်းတရားကြီး မြေလှူဒါန်းခဲ့သော တခြမ်းပဲ့ဗလီ
အေဒီ ၁၈၂၆ ခု၊ ရန္တပိုစာချုပ်ချုပ်ဆိုအပြီး ဘကြီးတော် မင်းတရားကြီး မြေလှူဒါန်းခဲ့သော တခြမ်းပဲ့ဗလီ
မြန်မာနိုင်ငံသည် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်း စုံငြိမ်းချမ်းစွာ အတူယှဉ်တွဲနေ ထိုင်ကြသောနိုင် ငံဖြစ်သည်။ ရှေးမြန်မာ မင်းများ လက်ထက် တွင်လည်းကောင်း၊ အင်္ဂလိပ် ကျူးကျော် စစ်ပွဲများ တွင်လည်းကောင်း၊ မြန်မာ့ လွတ်လပ်ရေးကြိုးပမ်း မှုသမိုင်းတွင် လည်းကောင်း၊ လွတ်လပ်ရေး ရရှိပြီးနောက် နိုင်ငံ တည်ဆောက်ရေး ကာလ၊အိမ်စောင့် အစိုးရလက်ထက်၊ တပ်မတော် အစိုးရလက်ထက် နှင့်ယနေ့ ဒီမိုကရေစီ အပြောင်းအလဲ ကာလများတွင် လည်းကောင်း ဘာသာဝင် အသီးသီးတို့သည် ကျရာနေ ရာမှ နိုင်ငံအကျိုး၊ ပြည်သူ့ အကျိုး ထမ်းဆောင်ခဲ့ကြသည်။ လူအများစုဖြစ်သော ဗုဒ္ဓဘာသာဝင်များ၊ လူနည်းစုဖြစ်သော အစ္စလာမ်ဘာသာဝင် မြန်မာမွတ်စလင် တို့သည် လက်ချင်းချိတ်ကာ လက်တွဲဆောင်ရွက်ခဲ့ကြသည်။ အကျိုး ရလာဒ် အဖြစ် တည်ငြိမ်သော၊ငြိမ်းချမ်းသော ၊ ဖွံ့ဖြိုးစည်ပင်သော နိုင်ငံတစ်ခုအဖြစ် မကြာခင်နှစ် များတွင် တက်လှမ်းပါတော့မည်။
ဤသို့ အရှိန်ဖြင့် ချီတက်နေသောနိုင်ငံ တိုးတက်ရေးခြေလှမ်းများအကြား ခြေထိုးခံ ၊နေကြသည့် အစီအစဉ်ဆိုးများ ဆက်တိုက်ပေါ် ထွက်လာလျက် ရှိနေ သည်။ မေတ္တာတရားရှေ့ ထားလေ့ရှိကြသော လူအများစု ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များအကြား ဘာသာရေး အဓိကရုဏ်း များဖြစ်ပေါ် လာစေ ရန် သွေးထိုး လှုံ့ဆော် လာကြသည်။ နိုင်ငံ မငြိမ်မသက်ဖြစ်ပေါ် လာရာကနေ နိုင်ငံရေး အမြတ်ထုတ်ရန် ရည်ရွယ်ထားသည်မှာ ထင်ရှားလှပေသည်။ မိမိတို့ သည် မြန်မာနိုင်ငံသား များဖြစ်သည်နှင့် အညီ နိုင်ငံဖွံ့ဖြိုးရေး ၊ တည်ငြိမ်ရေး ၊တရားဥပဒေ စိုးမိုးရေး စသော နိုင်ငံ တည်ဆောက်ရေး နယ်ပယ် အသီးသီးတွင် ပါဝင်ဆောင် ရွက် ရန် မှာ မွေးရာပါ တာဝန် အဖြစ်ခံယူ ထားသည်။
ထို့ကြောင့် ရိုးသားလှသော ဗုဒ္ဓဘာသာဝင်များ မှားယွင်းသော သတင်းအချက် လက် များကြောင့် ဖြူစင် လှသော စိတ်ထားလွင်ပြင်တွင် အမုန်းသစ်ပင် မပျိုးမိရန် ၊ ဖြူစင်စိတ်ထား အမုန်းမဲစက် မစွန်းမိစေရန် ရည်ရွယ်ပြီး ဗုဒ္ဓဘာသာဝင် အငြိမ်းစား သံအမတ်ကြီး တစ်ဦးရေးသားသော မွတ်စလင်များ အပေါ် မှားယွင်းနေသော ထင်မြင်ချက်များအား ဖြေရှင်းချက် အား မူရင်းအာဘော်အတိုင်း အခန်းဆက် ခေါင်းစဉ် ငယ်များခွဲခြားတင်ပြလိုက်ရပါသည်။

ဘုံပျောက်မှာ စိုးကြောက်မိရှာ (မျိုးပျောက်မှာ စိုးကြောက်ရ စာတမ်းသို့ရည်ရွယ်သည်။ )
 
မြတ်စွာဘုရားသည် မုန်းတီးမှု ၏ အကျိုးတရားများစွာကို ကောင်းစွာသိနားလည်သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ မုန်းတီးမူ ဟူသော အကြောင့်းကြောင့် မိမိတို့၏ ဘ၀ကို ဖျက်လိုက်ကြသော လူတို့ကို မြတ်စွာ ဘုရားမြင် တွေ့တော်မူခဲ့သည်။ ဤ အကြောင်းကြောင့် မြတ်စွာဘုရားသည် “မုန်းတီးမှုကြောင့် မုန်းတီမှု သညည် မပြီး ဆုံးနိုင် ” “ သင်အမုန်းပွားလေလေ အခြေအနေ ပိုဆိုးရွာလေလော“ ဖြစ်ကြောင်းကို ပြတ်ပြတ်သားသား မိန့်ကြားနိုင်ခဲ့သည်။ သင်က ကျွန်ုပ်ကို မုန်း၏။ ကျွန်ုပ်က သင်ကိုမုန်း၏။ ကျွန်ုပ်က သင့်ကို ပိုမုန်းလာ၏။ ဤသို့ဖြင့် မုန်းတီးမှုက အဆင့်ဆင့် တိုးပွားလာရာ အသင်နှင့်ကျွန်ုပ် တို့သည် ကျွန်ုပ်တို့၏ အချင်းချင်း မုန်းတီးမှု ဟုသော မီးလောင် တိုက်တွင်လောင်မြိုက် ခြင်းခံရသည်ထိ ဖြစ်၏။ ဤပြဿနာကို ဖြေရှင်းရန် တစ်ခု တည်းသော နည်းလမ်းမှာ တစ်ဖက်ဖက်က ရပ်တန့်ရန်ဖြစ်ကြောင်း မြတ်စွာဘုရားက မြင်တော်မူ၏။
ဒေါက်တာမင်းတင်မွန် ၊ဗုဒ္ဓ၀ါဒနှင့် ခေတ်သစ်ဘ၀ စာမျက်နှာ ၅၅-၅၆

မူစလင်များကြောင့် အိန္ဒိယမှ ဗုဒ္ဓဘာသာကွယ်ပျောက်သွားခြင်းသည် မှားယွင်းနေသော ယိုးစွပ်မှု

မြန်မာ-မွတ်စလင်များ ၏ ရာဇဝင်

( ၁၈၂၃ ) ခုနှစ် မတိုင်မီ အမိမြန်မာမြေ က ဌာနေ မြန်မာ-မွတ်စလင်များ

ကုန်းဘောင်ခေတ် ဗမာ့ယဉ်ကျေးမှုလက်ရာဖြင့် တည်ဆောက်ထားသော အမရပူရ ရှိ ဗလီ
ကုန်းဘောင်ခေတ် ဗမာ့ယဉ်ကျေးမှုလက်ရာဖြင့် တည်ဆောက်ထားသော အမရပူရ ရှိ ဗလီ
မြန်မာနိုင်ငံ၏ သမိုင်းရာဇ၀င်များကိုလေ့လာကြည့်လျှင်မြန်မာနိုင်ငံအရပ်ရပ် ၌နေ ထိုင်ကြသော အစ္စ လာမ် ဘာသာဝင် မြန်မာမွတ်ဆလင်များ သည် လွန်ခဲ့သော နှစ်ပေါင်း (၁၀၀၀) ကျော်၊ (၁၂၀၀) ခန့် လောက်ကစ၍ အစု လိုက်သော် လည်းကောင်း၊အနည်း ငယ် သော် လည်းကောင်း လွန်ခဲ့သော နှစ်ပေါင်း (၃၀၀) ခန့်အထိ ၀င်ရောက်နေ ထိုင်ခဲ့ကြောင်း သမိုင်း တွင် အထောက်အထားခိုင်လုံစွာ တွေ့ရှိ ရသည်။ မြန်မာ့ရာဇ၀င် ၊သမိုင်း များတွင် အခြားသော တိုင်းရင်းသားလူမျိုးများမြန်မာနိုင်ငံ သို့ ၀င်ရောက် နေ ထိုင် ပုံကို လေ့လာလျှင် မြန်မာမွတ်ဆလင်များသည်လည်း ၎င်းတို့ထက်နောက် မကျသေးကြောင်းကို သမိုင်း သမိုင်း အထောက်အထားများအရသိရှိနိုင် ပါ သည်။ ထို့ကြောင်း မြန်မာမွတ်ဆလင်များသည်လည်း ထိုခေတ် ထိုအခါ (နှစ်ပေါင်း ၁၀၀၀)ကျော် ကပင် ရောက် ရှိနေ ကြောင်း လယ်ပြင် မှာ ဆင်သွားသကဲ့သို့ ရာဇ၀င်၊သမိုင်း တွင် ထင်ရှားနေ ပါသည်။
မြန်မာနိုင်ငံသားဥပဒေတွင် ၁၈၂၃ ခုမတိုင်မီက မြန်မာနိုင်ငံတွင် ပင်ရင်းနိုင်ငံ အဖြစ် နေထိုင် သူ များ သည် တိုင်းရင်းသားများဖြစ်သည်ဟုပြဌာန်ထားသဖြင့် မြန်မာ နိုင်ငံ သား ဥပဒေ နှင့် အ ကျုံ့ဝင် သော ၁၈၂၃ ခု မတိုင်မီက မြန်မာ့သမိုင်းထဲက မွတ်ဆလင် များအ ကြောင်း ကိုရှာဖွေ၍ စာဖတ်ပရိသတ် ဖတ်ရှူ လေ့လာ သိရှိ နိုင် ရန်အ လို့ ငှါ ဤ မှတ်စု ကိုရှာ ဖွေစုစည်းတင်ပြခြင်းဖြစ် ပါ သည်။ မြန်မာ့သမိုင်း`၌မွတ် ဆလင်များ ထဲတွင် (၁) ဗမာ မွတ် ဆလင် (၂) ရခိုင် မွတ် ဆလင် (၃)ကမန် မွတ်ဆလင် (၄)ပသျှူးမွတ်ဆလင် (၅)ပန်းသေး မွတ် ဆလင် ဟူ၍ (၅)မျိုး ခွဲခြား လေ့လာ နိုင် သည်။ များပြားသော ရာဇ၀င်၊ သမိုင်းများကို လေ့လာ ရန် အခက်ခဲ ရှိသူများ အနေဖြင့် ဤမှတ်စု ကို လေ့လာ ခြင်း ဖြင့် အချိန် တိုတို အတွင်း အလွယ်တကူဗဟုသုတတိုးပွါးနိုင်ပါသည်။
သို့ဖြစ်ရာ နိုင်ငံတော်ကချ မှတ်သော မူဝါဒအညီ … ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်း လုံးညီညွတ်မှု မပြိုကွဲရေး ၊ အချုပ်အချာအာဏာတည်တံ့ခိုင်မြဲရေး သည် … တို့အရေး … ဟူသော ဆောင်ပုဒ် ကိုဦးထိပ်ထားလျက် တိုင်းရင်းသားအချင်းချင်း စည်းလုံးရေး၊ အပြန်အလှန်ခင်မင် လေးစား ရေးတွက် သမိုင်း ထဲ က မြန်မာ့မွတ်ဆလင် အကြောင်း ကို ရေး သား ဖေါ်ပြပါသည်။
ခရစ်သက္ကရာဇ် ( ၁၈၂၃ ) ခုနှစ် မတိုင်မီကပင်ရင်းနှိုင်ငံအဖြစ်
မြန်မာနိုင်ငံအရပ်ရပ်သို့ ပြန့်ကျဲနေထိုင်သောမြန်မာမွတ်ဆလင်များ
(1)
၁၅၃၉ အေဒီတွင် တပင်ရွှေထီး ပဲခူးကို တိုက်ခိုက်ခဲ့စဉ် ၁၅၉၉ အေဒီတွင် တောင်ငူဘုရင် ပဲခူးကို တိုက် ခိုက်ခဲ့စဉ်တွင် ဖမ်းဆီးရမိသော မွတ်စလင်မ်များ ၁၅၄၇ အေဒီတွင် တပင်ရွှေထီး မြို့ဟောင်းမြို့ ကို ၀င်တိုက် ခဲ့စဉ် နှင့် ၁၇၀၇ အေဒီတွင် စနေမင်း၏ အရာရှိများ သံတွဲကို တိုက်ခိုက်ခဲ့စဉ် ဖမ်းဆီးရမိခဲ့ သော မွတ်စလင်မ်များ၊ ၁၆၁၃ အေဒီတွင် အနောက် ဘက်လွန်မင်း သန်လျင်ကို တိုက်ခိုက်ခဲ့စဉ် သန် လျင်မြို့ ကျပြီးစအခါ ဒီဗရစ်တို၏ နောက်လိုက် မွတ်စလင်များ (သို့မဟုတ်) စစ်ပွဲပြီးစ အချိန်နှောင်း မှ ရောက် ရှိလာသော သင်္ဘော များမမွတ်စလင် များအား ရွှေဘိုခရိုင်၊ မြေဒူး၊ စစ်ကိုင်းခရိုင်၊ ပင်းယနှင့် ခံလူး၌ လည်းကောင်း၊ ကျောက်ဆည်ခရိုင် လက်ပံ၌ လည်း ကောင်း၊ ရမည်းသင်းခရိုင် ယင်းတော် တို့၌လည်းကောင်း နေရာချထားခဲ့ ကြောင်းတွေ့ ရသည်။
(2)
အေဒီ ၁၄၃၀ ခုနှစ်တွင် ဗိုလ်ချုပ် ၀လီခန် နှင့်ပါလာသော စစ်သည် ငါးသောင်း(Bangladesh District Gazatteers,p-63)၊ ဗိုလ်ချုပ် စန္ဒွီခန်နှင့် ပါလာသော စစ်သည်များ(Journal of Burma Research Society No.2,p-493) သည် ရာစုနှစ် အဆက်ဆက် Arakan ကိုအုပ်ချုပ် လာခဲ့သည်။ဤသည်များမှာ များစွာသော သမိုင်းအထောက် အထားများမှ အချို့သာ ဖြစ်သည်။
(3)
သမိုင်းဆရာ Dr.သန်းထွန်း၏အဆိုအရ (၁၄၄၂-ခု) ကျောက်စာပါ အချက်များကို ကိုးကား၍ အာရ်ကန် မင်းများတွင် မူဆလင်ဘွဲ့ နာမည်များ ရှိခဲ့သည်။ ထိုမူဆလင် ဘုရင်များမှာ နတ်မြစ် အရှေ့ဘက် နှင့် ကုလားတန်မြစ် အနောက်ဘက် မေယုတောင်ကြားက မွတ်ဆလင်များသည်(ယနေ့ရိုဟင်ဂျာ)တွေဖြစ်သည်။သူတို့ ၎င်း ဒေသမှာ နေထိုင်လာခဲ့သည်မှာ နှစ်ပေါင်းထောင် ကျော်ပြီ လို့ပြောသည်။ Ref : ဒေါက်တာ သန်းထွန်း-Kalya Magazine p-27,1994,August
(4)
အေဒီ ၇၀၀ နှင့် ၁၅၀၀ ကြားတွင် အနောက်တိုင်းမှ အာရပ်ကုန်သည်၊ ပါရှင်းကုန် သည် နှင့် ရောမကုန်သည် တို့သည် မိမိတို့ ပင်ရင်းတိုင်း ပြည်များမှ ရွက်သဘောင်္ဖြင့် မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတမ်းကိုလည်းကောင်း၊ ယင်းကိုကျော် လွန်ကာ အရှေ့ဖက် တရုတ်ကမ်းခြေသို့လည်းကောင်း ကူးသန်းရောင်းဝယ်ရေးအတွက် ရောက်ရှိခဲ့ကြသည်။၂ အာရပ် တို့သည် ပင်လယ် ကူးသန်း သွားလာရာ၌ အရေးကြီးသော ပင်လယ်ဆိပ်ကမ်းမြို့များ၊ ကုန်သည်ရောင်း ၀ယ်ရေး စခန်း များ၊ အချက်အချာကျသော နေရာ၏ တည်နေပုံ၊ မျက်နှာပြင်အနေအထား၊ နေထိုင်သည့်လူမျိုးများ၊ ထွက်ကုန်များ အစရှိသည်တို့ကို စနစ် တကျ လေ့လာသုတေသန ပြုလေ့ရှိရာ- (၉) ရာစု အာရပ်ပထ၀ီဝင် ဆရာများ၊ ခရီးသည်များ၊ သုတေသီများ၏ မှတ် တမ်းများတွင် ရခိုင်ပြည်နှင့် မြန်မာပြည်အောက်ပိုင်း မွန်တို့နယ်ဖြစ်သော ရာမည ဒေသများအကြောင်းကို တွေ့ရှိနိုင် ပေသည်။၃ ရာခိုင်ရာဇ၀င်များအရလည်း အာရပ်တို့သည် အေဒီ (၈) ရာစုမှစ၍ ရခိုင်ပြည်သို့ ရောက်ရှိအခြေချနေပြီ ဖြစ်ကြောင်း ပါရှိပါသည်။ ရခိုင်ရာဇ၀င် အထောက်အထားများကို ကိုးကား၍ ၁၈၄၄ – ခုထုတ် ဘင်္ဂလား အေးရှာတိခ် ဆိုဆိုင်အေတီ ဂျာနယ် ( Journel of the Asiatic Society of Bengal) တွင် အောက်ပါအတိုင်း ရေးသားဖော်ပြထားပါသည်။

ဒေါက်တာ မြင့်သိန်း(ငြိမ်းချမ်းလုလင်) မှ မြန်မာမွတ်စလင် ရေးရာ အကြံပြုချက် စာတမ်း ပြည်သူ့လွှတ်တော် နှင့် အမျိုးသား လွှတ်တော် သို့ ပေးပို့



 ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်းလုလင်)


၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို ပြင်ဆင်ပေးရန် နှင့် မြန်မာမွတ်စလင် လူ့အစုအဝေးအား ပြန်တမ်းဝင် အမည်များ(သို့မဟုတ်) ၁၉၇၃ ခုနှစ် ကမ္ဘာသို့ တရားဝင်ကြေညာခဲ့သော လူမျိုးအမည်ဖြင့် သန်းခေါင် စာရင်း ကောက်ယူပေးရန် အကြံပြုစာတမ်း အားမြန်မာမွတ်စလင်မ် ပညာရှင် ဒေါက်တာမြင့်သိန်း(ငြိမ်းချမ်းလုလင်)မှ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်း ၊ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်မောင်မြင့် တို့ထံ ဇူလိုင် ၂ရက်နေ့စွဲဖြင့် ပေးပို့ခဲ့ကြောင်း မွတ်စလင်သတင်းစဉ်မှ သိရသည်။ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလတွင် လိုအပ်သော လူသားအရင်းအမြစ်များ နှင့် သံယံဇာတ များကို မှန်ကန်စွာ အသုံးချနိုင်ရေး ၊ ကုလသမဂ္ဂ ပဋိညာဉ် နိုင်ငံတကာစံနှုန်းများ နှင့်ကိုက်ညီ သော ဥပဒေများ ပေါ်ထွန်းနိုင်ရန် ရည်ရွယ်ကြောင်း အဆိုပါ အကြံပြုစာတမ်းတွင် ဒေါက်တာမြင့်သိန်း(ငြိမ်းချမ်းလုလင်) က ရေးသားထားသည်။
မြန်မာမွတ်စလင် လူ့အဖွဲ့အစည်းတွင် (၁) ဗမာမွတ်စလင်မ်(ပသီ၊မြေဒူးနှင့် ဇေရ်ဘာဒီ) (၂) ရခိုင်မွတ်စလင် (၃) ကမန်(၄) ပသျှူး(၅) ပန်းသေး(၆) ကသည်းမွတ်စလင်မ် များ ပါဝင်ပါကြောင်း၊ ၄င်းအပြင် ဘိုးဘွားမျိုးနွယ် မဖျောက်လိုသော စူရတီ၊ မေမန်၊ နရ်စာပူရ်၊ဘင်္ဂါလီ၊ ပထန် မျိုးနွယ်တို့လည်းသီးခြား ရှိနေပါကြောင်း၊ မြန်မာမွတ်စလင်မ် လူ့အဖွဲ့အစည်းအနေဖြင့် ပုဂံခေတ်မှ စ၍ ခိုင်မာစွာဖြစ်တည်လာခြင်းဖြစ်ကြောင်း ၁၈၂၄ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ မတိုင်မီက မြန်မာပြည်တွင် အခြေစိုက်နေထိုင်ခဲ့ကြသော တိုင်းရင်းသား လူမျိုးစု ဖြစ်ပါကြောင်း၊ ၄င်း စာတမ်းတွင် အစချီဖေါ်ပြထားသည်။
မြန်မာမွတ်စလင်မ် အစုအဝေးကို အမည်ပြောင်းလဲသုံးစွဲခဲ့ခြင်းနှင့်ပတ်သက်ပြီး ဖေါ်ပြထားသည်မှာ .. ဘိုးတော်ဘုရားလက်ထက်တွင် ရခိုင်ဒေသအပါအ၀င် တစ်ပြည်လုံးရှိ မြန်မာ မွတ်စလင်မ်များ ကို ပသီ ဟု တရားဝင်ပြန်တမ်း တွင် သုံးစွဲခဲ့ပါကြောင်း၊ ဗြိတိသျှ ကိုလိုနီဘ၀တွင် ပသီအစား ဇေရ်ဘာဒီ ဟု တရားဝင် သုံးစွဲခဲ့ကြောင်း၊ ၉.၈.၁၉၄၁ နေ့တွင် မြန်မာမွတ်စလင်မ် Burman Muslim ဟုသုံးရန် နိုင်ငံတော်မှ ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း၊ ဖဆပလ ခေတ်တွင် ဗမာမွတ်စလင်မ် ဟု သုံးစွဲခဲ့ပြီး နောက်ဖဆပလ အဖွဲ့ချုပ်ကြီးက ဗမာမွတ်စလင်မ် သည် ဗမာ ဟု သတ်မှတ်ခဲ့ပါကြောင်း ရေးသားတင်ပြထားသည်။
၁၉၇၃ ခုနှစ် သန်းခေါင် စာရင်းကောက်ရေးအတွက် မြန်မာနိုင်ငံ ရှိ တိုင်းရင်းသား လူမျိုးစု ၁၄၃ မျိုးစာရင်းကို ၂၃.၂.၁၉၇၃နေ့ထုတ် နိုင်ငံတော် သတင်းစာကြီး များက တစ်ဆင့် ကမ္ဘာသိကြေညာခဲ့ရာတွင် (၁) မြန်မာမူစလင်(၂)ရခိုင်စစ်တကောင်း(၃) မြေဒူး(၄) ရခိုင်ကမန်(၅) နိုင်ငံခြားသား စာရင်းတွင်ဖေါ်ပြ ထားခြင်းမရှိသော အခြား မြန်မာ-အိန္ဒိယများ (၆) နိုင်ငံခြားသားစာရင်းတွင်ဖေါ်ပြထားခြင်းမရှိသော မြန်မာတရုတ်(ပန်းသေး) တို့ကို တိုင်းရင်းသား အဖြစ် အတည်ပြုခဲ့ပါကြောင်း ၊ ဗိုလ်ချုပ်အောင်ဆန်းမှ မြန်မာ့လွတ်လပ်ရေးတွင် လူမျိုးပေါင်းစုံ၊ဘာသာပေါင်းစုံ တို့၏အနစ်နာခံဆောင်ရွက်မှုကို အသေးစိတ်သိခဲ့ရာ မြန်မာမွတ်စလင်မ် တို့ကိုသာမက တိုင်းပြည်အပေါ်သစ္စာရှိခဲ့သော အိန္ဒိယနွယ်ဖွားများကိုလည်း လွတ်လပ်ရေးရလျှင် အများနည်းတူ တန်းတူအခွင့်အရေး ရရှိစေရမည်ဟု ကတိပြုခဲ့ပါကြောင်း၊ ရေးသားထားသည်။
ဦးနေ၀င်းအစိုးရလက်ထက်တွင် မြန်မာမွတ်စလင်မ်များ အခွင့်အရေးဆုံးရှုံးခဲ့ ရခြင်းနှင့် ပတ်သက်ပြီး ဖေါ်ပြရာတွင် ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေကို တီထွင်ပြဌာန်း ခဲ့ပြီး တိုင်းရင်းသား လူမျိုးစု ၁၄၃မျိုးမှ ၁၃၅မျိုးသို့ မိမိဆန္ဒဖြင့် အဓမ္မလျှော့ချခဲ့ရာ မြန်မာ မူဆလင်၊ရခိုင်စစ်တကောင်း၊ မြေဒူး၊ အခြားမြန်မာ အိန္ဒိယ၊မြန်မာတရုတ်(ပန်းသေး) တို့သည် သမိုင်းကြောင်း အရ ရရှိခဲ့ော တိုင်းရင်းသား အခွင့်အရေး မတရား ဆုံးရှုံးခဲ့ရပါကြောင်း၊ နိုင်ငံသား ကိုလည်း နိုင်ငံသား စစ်စစ်၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ ဟူ၍သုံးမျိုး ခွဲခြားခဲ့ပါကြောင်း၊ ၁၉၈၂ နိုင်ငံသားဥပဒေ သည် နိုင်ငံတကာ စံနှုန်းများ နှင့်မကိုက်ညီကြောင်းကို ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းများက သတိပေးထားပြီဖြစ်ကြောင်း ၊ မြန်မာနိုင်ငံသည် အာဆီယံဥက္ကဌ ရာထူးအား မကြာမီ ရယူတော့မည်ဖြစ်ရာ ပြည်တွင်လူမျိုးရေး ကိစ္စများကို ကြိုတင်ညှိုနှိုင်းဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း ဖေါ်ပြထားသည်။
မြန်မာမွတ်စလင်မ်ရေးရာနှင့် ပတ်သက်၍ တောင်းဆိုရာတွင် ၁၉၈၂ နိုင်ငံသားဥပဒေအား နိုင်ငံတကာ စံနှုန်းများ နှင့်အညီ ပြင်ဆင်ရေးဆွဲပေးပါရန် ၊ ၂၀၁၄ ခုနှစ်သန်းခေါင်းစာရင်းကောက် ယူရာတွင် မြန်မာမွတ်စလင်မ် လူ့အစုအဝေးအား လွတ်လပ်ရေးမတိုင်မီက ပြန်တမ်းဝင်အမည်များဖြစ်ခဲ့သော (၁)ပသီ(၂) ဇေရ်ဘာဒီ (၃) မြန်မာမွတ်စလင်မ် အမည်တစ်ရပ်ရပ်ဖြင့်ဖြစ်စေ၊ ၁၉၇၃ ခုနှစ်က ကမ္ဘာသို့တရားဝင် ကြေညာပြီးဖြစ် သော (၁)မြန်မာမူစလင်(၂)ရခိုင်စစ်တကောင်း(၃) မြေဒူး(၄) ရခိုင်ကမန် (၅)အခြားမြန်မာ အိန္ဒိယ (၆)မြန်မာတရုတ် (ပန်းသေး) စသည့် အမည်များ ဖြင့်ဖြစ်စေ၊ ဖဆပလ အဖွဲ့ချုပ်ကြီး၏ ဆုံးဖြတ်ချက်အတိုင်း ဗမာမွတ်စလင်မ်သည် ဗမာ ဟု သတ်မှတ်လိုပါကလည်း ဗမာမျိုးနွယ်စုတွင် ၉မျိုးရှိပြီးဖြစ်ရာ ဒဿမ မြောက် ဗမာ(၀ါ)ပသီဗမာ အဖြစ်ထည့်သွင်းပါရန် အကြံပေးတင်ပြထားသည်။
ခိုးဝင်ဘင်္ဂါလီများကိုအကြောင်းပြု၍ တရားဝင်နိုင်ငံသားဖြစ်ပြီးသော ၊ နိုင်ငံသားပြုခွင့်ရပြီးသော ဘင်္ဂါလီ၊အိန္ဒိယ နှင့် ပါကစ္စတန် နွယ်ဖွားများ၏ နိုင်ငံသားမူလအခွင့်အရေး မထိခိုက် စေရေးကို ကာကွယ်ပေးပါရန် အကြံပြုတင်ပြကြောင်း အဆိုပါ အကြံပြုချက်စာတမ်းတွင် မြန်မာမွတ်စလင်ဆိုင်ရာ သမိုင်းအထောက်အထားများနှင့်တကွ ရေးသားထားသည်။
ဒေါက်တာမြင့်သိန်း(ငြိမ်းချမ်းလုလင်)သည် ဒေါက်တာမြင့်သိန်းသည် အပြည်ပြည်ဆိုင်ရာ ရေကြောင်း ရေဒီယို အရာရှိ တစ်ဦးဖြစ်ပြီး ရန်ကုန် အဝေးသင် တက္ကသိုလ်မှ စိတ်ပညာဘွဲ့ရရှိခဲ့သူတစ်ဦးဖြစ်ပါသည်။ အစ္စလာမ်ဘာသာရေးတွင် ကျမ်းတော်မြတ်ကုရ်အာန် မြန်မာ ဘာသာပြန်မှုး အစ္စလာမ် သာသနာရေးရာကောင်စီ ဥက္ကဌဟောင်း (ကွယ်လွန်) ဆရာကြီး သီရိပျံချီ အလ်ဟာဂ်ျ မုဖတ်စိရွလ်ကုရ်အာန် ဂါဇီ မုဟမ္မဒ် ဟာရှင် ပေးအပ်သော ဓမ္မသတ်မှုး (မွဖ်သီ) ဘွဲ့ ရရှိခဲ့ပြီး နောက် မလေးရှားနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ အစ္စလာမ့်တက္ကသိုလ် (IIUM) ရှိ International Institute of Islamic Thought and Civilization (ISTAC) မှ မွတ်စလင်မ်ကမ္ဘာ့ အရေး အထူးပြုဘာသာတွဲဖြင့် ဒေါက်တာဘွဲ့ ရရှိခဲ့သူ တစ်ဦး ဖြစ်ပါသည်။
ငြိမ်းချမ်းလုလင် ဟူသော ကလောင်အမည်ဖြင့် အလ္လာဟ်နှင့်သက်သေ လက္ခဏာများ အမည်ရှိသော စာအုပ်အပြင် စာအုပ် စာပေများ နှင့် ဆောင်းပါးပေါင်း များစွာရေးသားခဲ့သော စာရေးဆရာ တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ တ၀ှမ်း တရားဓမ္မများကို နယ်လှည့် ပို့ချခဲ့သော ဓမ္မကထိက တစ်ဦးဖြစ်ပါသည်။လက်ရှိတွင် အလ်အဇ်ဟရ်အစ္စလာမ်သိပ္ပံ ကျောင်းအုပ် အဖြစ် တာဝန် ထမ်းဆောင်လျက်ရှိသည်။ မွတ်စလင် သတင်းစဉ်

Sunday, March 18, 2012

ရန်ကုန်မြို့နဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့တွေမှာ မတ်လ ၁၃ ရက်နေ့က ဖုန်းမော်နေ့ (သို့) မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ ကျင်းပ

“စစ်ပွဲတွေ အားလုံးရပ်” - ကိုမင်းကိုနိုင် (၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်)

ဒေါ်အောင်ဆန်းစုကြည်၏ လားရှိုးမြို့ စည်းရုံးရေးခရီးစဉ် (ရုပ်သံ)

နာမည်ကြီး သရုပ်ဆောင်တွေ စုပေါင်းပါဝင်ထားကြတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးကြဖို့ “Vote NLD Campaign” ဗွီဒီယို

နှလုံးသားရှိသူတိုင်းမျှဝေခံစားနိုင်ပါစေ....စနေမောင်မောင်

ဤဘလော့မှ ပို့စ်များသည်မြန်မာဘလော့ဂါများနှင့် သတင်းဆိုဒ်များမှပြန်လည်ဝေမျှပါကြောင်းဝန်ခံအပ်ပါသည်။
စနေမောင်မောင်

LinkWithin

Related Posts Plugin for WordPress, Blogger...

Introduction

ကျွန်တော့်ဘလော့ကို လာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်.. စနေမောင်မောင်(မလေးရှား)
Friends18.com Orkut MySpace Hi5 Scrap Images